တိုမီနေးကို အဲဗာတန်သို့ခေါ်ယူဖို့နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ရှောင်ဒိုက်ချ်
အဲဗာတန်အသင်းဟာ စကော့တိုမီနေးကို ခေါ်ယူဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့သလဲဆိုတာကို ရှောင်ဒိုက်ချ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။
အခုလက်ရှိ နာပိုလီအသင်းမှာ ခြေစွမ်းပြနေတဲ့ တိုမီနေး မန်ယူမှာရှိနေစဉ်ကတည်းက အဲဗာတန်အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ မန်နေဂျာဟောင်း ရှောင်ဒိုက်ချ်က ဆိုပါတယ်။
talkSPORT နဲ့ အင်တာဗျူးမှာ သူက "အဲဒီတုန်းက အပြောင်းအရွှေ့အတွက် သဘောတူညီမှုတစ်ခု ရှိခဲ့ပါတယ်။ နာမည်တော့ ထုတ်မပြောတော့ပါဘူး၊ ကစားသမားအလဲအထပ်လုပ်မယ့် အစီအစဉ်တွေနဲ့ တခြားအပေးအယူတွေလည်း ရှိခဲ့ပေမဲ့ အပြောင်းအရွှေ့ကို အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။
အဲဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင် ကျွန်တော့်အတွက် အရာအားလုံး ပြောင်းလဲသွားနိုင်တယ်လို့ ယူဆပါတယ်။ သူက တကယ့်ကို ကောင်းတဲ့ ကစားသမားတစ်ယောက်ပါ၊ မန်ယူမှာ သူ ပွဲထွက်ကစားခွင့် မရခဲ့တာကို ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်သလို တကယ်လည်း မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။