The network connection is lost.

Banner Image

မက်တိုမီနေးကိုသာ ခေါ်ယူနိုင်ခဲ့ရင် အဲဗာတန်နည်းပြအဖြစ် ဆက်ရှိနေလိမ့်မယ်လို့ ရှောင်ဒိုက်ချ်ဖွင့်ဟ

အဲဗာတန်အသင်းမှာ မက်တိုမီနေးကို ခေါ်ယူဖို့ ဘယ်လောက်အထိ နီးစပ်ခဲ့တယ်ဆိုတာကို နည်းပြရှောင်ဒိုက်ချ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။

အဲဗာတန်နည်းပြဟောင်းရှောင်ဒိုက်ချ်ရဲ့အဆိုအရ မန်ချက်စတာယူနိုက်တက်မှာ မက်တိုမီနေးကစားနေစဉ်ကာလကတည်း လက်ရှိနာပိုလီကြယ်ပွင့်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

talkSPORT နဲ့ အင်တာဗျူးမှာ ရှောင်ဒိုက်ချ်က "အဲ့ဒီတုန်းက အပေးအယူတစ်ခု ရှိခဲ့ပါတယ်။ နာမည်တော့ ထည့်မပြောတော့ဘူး၊ တခြားကစားသမားတစ်ဦးနဲ့ အလဲအထပ်လုပ်ဖို့ကိစ္စတွေ အားလုံးလည်း ပါဝင်ခဲ့ပေမဲ့ အဲ့ဒီအပြောင်းအရွှေ့ကို အဆုံးသတ်အထိ အောင်အောင်မြင်မြင် မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

အဲ့ဒီအပြောင်းအရွှေ့သာ အောင်မြင်ခဲ့ရင် ကျွန်တော့်အတွက် အရာအားလုံး ပြောင်းလဲသွားနိုင်မယ်လို့ ထင်ပါတယ်။

သူက တကယ့်ကို ကစားသမားကောင်းတစ်ဦးပါ။ ယူနိုက်တက်မှာ သူ ပွဲကစားခွင့်မရရှိဘူးဆိုတာကို ကျွန်တော် မယုံကြည်နိုင်သလို ဘာလို့ပွဲမထုတ်တာလဲဆိုတာလည်း စဉ်းစားလို့ မရခဲ့ပါဘူး။ တကယ်ကို မယုံနိုင်စရာကောင်းပါတယ်" လို့ ပြန်ပြောင်းပြောပြခဲ့ပါတယ်။