The network connection is lost.

Banner Image

အန်ဇိုဖာနန်ဒက်ဇ်ရဲ့အေးဂျင့်ဖြစ်သူပြောစကားတွေအပေါ် ပြန်လည်တုံ့ပြန်လိုက်တဲ့ ရိုဆင်နီယာ

ချဲလ်ဆီးနည်းပြရိုဆင်နီယာက Port Vale ကို ၇- ၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်အပြီး ကွင်းလယ်ကစားသမားအန်ဇိုဖာနန်ဒက်ဇ်ရဲ့အေးဂျင့်ဖြစ်သူပြောစကားတွေကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အန်ဇိုဖာနန်ဒက်ဇ်က မတ်လနိုင်ငံတကာသီတင်းပတ်အတွင်း လာမယ့်နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖွယ်ရှိတဲ့အကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ချဲလ်ဆီးအသင်းက အန်ဇိုဖာနန်ဒက်ဇ်ကို Port Vale နဲ့အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အပါအဝင် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

အန်ဇိုဖာနန်ဒက်ဇ်ရဲ့အေးဂျင့်ဖြစ်သူကစားသမားဟောင်း ဟာဗီယာပါစတိုရေးကတော့ ကလပ်အသင်းရဲ့ ဆုံးဖြတ်ချက်ကို "လုံးဝမတရားဘူး" လို့ ဖော်ပြခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ရိုဆင်နီယာက ဒီကိစ္စနဲ့ပတ်သက်ပြီး ထပ်မံဝေဖန်တာမျိုး မလုပ်ဘဲ "ဒါက သူ့ရဲ့ အမြင်ပဲလေ။ တခြားသူရဲ့ အမြင်အပေါ် ကျွန်တော့်မှာပြောစရာ ဘာမှမရှိပါဘူး။ အန်ဇိုဖာနန်ဒက်ဇ်ကတော့ ကျွန်တော် သူ့အပေါ် ဘယ်လိုသဘောထားလဲဆိုတာ သိပါတယ်။ သူ ဒီနေ့ ကွင်းထဲလာပြီး အသင်းဖော်တွေကို အားပေးနေတာမြင်ရတာ ဝမ်းသာစရာပါပဲ။ အခုမဟုတ်သေးဘဲ သင့်တော်တဲ့အချိန်ကျရင်တော့ ကျွန်တော်နဲ့ အန်ဇိုကြား ဘာတွေပြောဖြစ်ခဲ့လဲဆိုတာ ဆွေးနွေးဖြစ်ပါလိမ့်မယ်။ ဒီနေ့မှာတော့ အန်ဇိုနဲ့ ကျွန်တော် အဆင်ပြေပြေ စကားပြောဖြစ်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။