
အိမ်ကွင်းမှာ Comeback နိုင်ပေမယ့် ရည်မှန်းချက်မပြည့်မြောက်ခဲ့တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၃-၂ ပီအက်စ်ဂျီ (ပွဲပြီးရလဒ်)
ဗီလာပတ်ခ်မှာကစားရတဲ့ ပထမပိုင်းပွဲချိန်အတွင်း ဧည့်သည်ပီအက်စ်ဂျီက နောက်ခံလူဟာကီမီ၊ နူနိုမန်ဒက်စ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပွဲချိန်နာရီဝက်မပြည့်ခင်မှာပဲ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး နောက်ပိုင်းမှာ တိုင်လီမန်းစ်က အက်စတွန်ဗီလာအတွက် ဗွေဆော်ဦးချေပဂိုးသွင်းယူပေးလို ၁-၂ ဂိုးဆိုတဲ့ ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းပိုင်းစတင်လာချိန်မှာတော့ အိမ်ရှင်ဗီလာတို့ တိုက်စစ်မြှင့်ကစားလာခဲ့ပြီး မက်ဂင်း၊ ကွန်ဆာတို့ရဲ့သွင်းဂိုးတွေ ရရှိခဲ့လို့ ပွဲကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဗီလာက လိုအပ်နေတဲ့သွင်းဂိုးတွေရရှိဖို့ အားကုန်ထုတ်ကစားခဲ့ပေမယ့် ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာရဲ့လက်စွမ်းကို မကျော်ဖြတ်နိုင်လို့ ရည်မှန်းချက်မပြည့်မြောက်ခဲ့ပါဘူး။ ပွဲပြီးချိန်မှာ အိမ်ရှင်အက်စတွန်ဗီလာက ဧည့်သည်ပီအက်စ်ဂျီကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၄-၅ ဂိုးဖြင့် ပီအက်စ်ဂျီတို့ ဆီမီးဖိုင်နယ်တက်လှမ်းသွားပါတယ်။
အခြားပွဲစဉ်ရလဒ်
----------------
ဒေါ့မွန် ၃-၁ ဘာစီလိုနာ (နှစ်ကျော့ပေါင်းရလဒ် ၃-၅ ဂိုးဖြင့် ဘာစီလိုနာ ဆီမီးဖိုင်နယ်တက်)