The network connection is lost.

Banner Image

ဗီလာနှင့်ပွဲမတိုင်မီ ဒဏ်ရာရ ကစားသမားစာရင်းကို ပြောကြားလိုက်တဲ့ ပိုစတီကိုဂလူ

လီဗာပူးနှင့် ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ၄-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၄-၁ ဂိုးဖြစ်တာကြောင့် တော့တင်ဟမ်ဟာ ပြိုင်ပွဲကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။

ဗီလာနှင့်ကစားမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မတိုင်မီ ပိုစတီကိုဂလူက "ဒါက မနေ့ညက ပွဲစဉ်အပေါ် တုံ့ပြန်မှုတွေဆိုတာ သိပါတယ်။ ဗီကာစီယို၊ ရိုမီရို၊ ဗန်ဒီဗန်၊ ဆိုလန်ကီ၊ အိုဒိုဘတ်၊ အူဒိုဂီ၊ မက်ဒီဆင်၊ ဂျွန်ဆင် တို့ အစရှိသဖြင့် ကျွန်တော် ဆက်ပြောလို့ရပါတယ်"
"မနေ့ညက ကစားသမား ၁၀ ယောက် အထိ မပါဝင်နိုင်ခဲ့ပါဘူး။ အသင်းထဲက အဓိကကစားသမား ၇ ယောက်၊ ၈ ယောက်လောက် မပါရင် အကျိုးသက်ရောက်မှုဆိုတာရှိပါတယ်။ ဒါကို အမြဲပြောနေရင် လူတွေ ငြီးငွေ့လာမယ်ဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ဒါအမှန်ပါပဲ။ မနေ့ညက ပွဲစဉ်ကနေ ကျွန်တော် သိရတဲ့ အဓိကအချက်က ကျွန်တော်တို့ ဘယ်လိုကစားခဲ့တယ်ဆိုတာပါပဲ" လို့ ပြောခဲ့ပါတယ်။

သူက "လက်ရှိမှာ လူတွေက ဝေဖန်မှုတွေ လုပ်နေတာ ကျွန်တော်နားလည်ပါတယ်။ ကစားသမားတွေကို မေးခွန်းထုတ်ဖို့ အဲ့ဒီလူတွေအတွက် လွယ်ကူပါတယ်။ ဒါပေမယ့် ကျွန်တော်က မေးခွန်းမထုတ်ပါဘူး"
"မနေ့ညက ပွဲစဉ်က ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ ကျွန်တော်တို့ စွမ်းဆောင်ရည်လည်း မမှီခဲ့တာ စိတ်မကောင်းပါဘူး။ ဒါပေမယ့် အဲ့ဒါက ကစားသမားတွေရဲ့ အရည်အချင်းကို မသတ်မှတ်နိုင်ပါဘူး။

"တနင်္ဂနွေနေ့ပွဲမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားပြမယ် ကျွန်တော်တို့က ဘယ်နေရာမှာရှိနေတယ်ဆိုတာကို ထင်ဟပ်စေမယ့် စွမ်းဆောင်ရည်တစ်ခုကို ပြသပါမယ်။ ဒီကစားသမားတွေနဲ့ သူတို့ဘာတွေကြုံတွေ့နေရတယ် ဘယ်လိုရင်ဆိုင်နေရတယ်ဆိုတာကို ကျွန်တော် အများကြီးယုံကြည်ပါတယ်" လို့ ဆက်ပြောပါတယ်။
ရစ်ချာလီဆန် အတွက် နောက်ထပ်အခက်အခဲတစ်ခုနှင့်ပတ်သက်ပြီး နည်းပြက "သူ့အတွက် စိတ်မကောင်းစရာပါ သူက စိတ်လှုပ်ရှားနေပါတယ်။ ပြန်ကောင်းလာဖို့ သူအများကြီးကြိုးစားခဲ့တာပါ။ ဒါက သူနဲ့ကျွန်တော်တို့ ရင်ဆိုင်ရမယ့် နောက်ထပ်အခက်အခဲတစ်ခုပါ" လို့ ပြောပါတယ်။