The network connection is lost.

Banner Image

တော့တင်ဟမ်ဂိုးသမား ဗီကာရီယိုအတွက် ဆွေးနွေးရန် အင်တာမီလန်အကြီးအကဲ လန်ဒန်သို့ ရောက်ရှိ

အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာ ပီယာရို အော်ဆီလီယိုဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် လန်ဒန်မြို့ကို သွားရောက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စီးရီးအေ ဇယားထိပ်က အင်တာမီလန်အသင်းဟာ လာမယ့်နွေရာသီမှာ အပြောင်းအရွှေ့တွေ အများကြီး ပြုလုပ်လာဖို့ ရှိနေပြီး အသင်းရဲ့ အဓိက ရည်မှန်းချက်တစ်ခုကတော့ ဝါရင့်ဂိုးသမား ယန်ဆမ်းမားရဲ့နေရာမှာ အစားထိုးမယ့်သူ ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။

သတင်းထောက် Gianluca Di Marzio ရဲ့ ဖော်ပြချက်အရ အော်ဆီလီယိုရဲ့ လန်ဒန်ခရီးစဉ်အတွင်းမှာ ပရီးမီးယားလိဂ်ကလပ် အသင်းအချို့က တာဝန်ရှိသူတွေနဲ့ အရေးကြီးတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံမှုတွေထဲမှာ အင်တာမီလန်ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ စပါးဂိုးသမား ဂူဂလီယဲလ်မို ဗီကာရီယိုရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ဆွေးနွေးမှုတွေလည်း ပါဝင်တယ်လို့ နားလည်ရပါတယ်။

ဗီကာရီယိုဟာ ကွင်းတွင်းမှာ ကြီးမားတဲ့ အမှားအချို့ ကျူးလွန်ခဲ့တာကြောင့် စပါးပရိသတ်တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံနေရသူဖြစ်ပြီး လာမယ့်နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ အခြေအနေ ရှိနေပါတယ်။