အသင်းပြောင်းရွှေ့ခွင့် တောင်းဆိုမယ့် ရစ်ချာလီဆန်ရဲ့ဆန္ဒအသစ်ကို ပိတ်ပင်တားဆီးသွားမယ့် တော့တင်ဟမ်
ပြဿနာတွေကြုံတွေ့နေရတဲ့ ရစ်ချာလီဆန်များတဲ့ တိုက်စစ်မှူးရစ်ချာလီဆန်ကို ၂၀၂၇ ခုနှစ် အစောပိုင်းမှာ ရောင်းထုတ်သွားဖို့ တော့တင်ဟမ်က မျှော်လင့်နေပါတယ်။
နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာ တော့တင်ဟမ်မှ ထွက်ခွာဖို့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် မြောက်လန်ဒန်ထိပ်သီးကလပ်အသင်းရဲ့အစီအစဉ်တွေထဲမှာ အဲဗာတန်တိုက်စစ်မှူးဟောင်းအတွက် နေရာ မရှိတော့ပါဘူး။
ဒီဘရာဇီးလက်ရွေးစင်ကစားသမားက အသင်းမှ ထွက်ခွာချင်တယ်လို့ ဒီဇာဘီဆီ ပြောကြားခဲ့ပေမဲ့ သင့်တော်တဲ့ ကမ်းလှမ်းမှု မရောက်ရှိလာတာကြောင့် အသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
တော့တင်ဟမ်ရဲ့ ကစားသမား ၂၅ ဦးပါ ပရီးမီးယားလိဂ်လူစာရင်းမှ အသက် ၂၉ နှစ်အရွယ်ကစားသမားကို တရားဝင်ဖယ်ရှားပြီးနောက် သူ့အတွက် တူရကီ၊ ဘရာဇီးနဲ့ ဆော်ဒီတို့ဆီမှ တရားဝင်ကမ်းလှမ်းမှုမျိုး မျှော်လင့်ခဲ့ပေမဲ့ မဖြစ်လာခဲ့ပါဘူး။
၂၀၂၇ ခုနှစ်၊ ဇွန်လမှာ သက်တမ်းကုန်ဆုံးမယ့် ရစ်ချာလီဆန်ရဲ့စာချုပ်အတွက် လျော်ကြေးပေးပြီး စာချုပ်ဖျက်သိမ်းဖို့ တော့တင်ဟမ် ကြိုးစားခဲ့ပေမဲ့ သဘောတူညီချက် မရရှိခဲ့ပါဘူး။
ရောင်းထုတ်ဖို့ အချိန်ကာလ အကန့်အသတ် ရှိနေလို့ တော့တင်ဟမ်က ပေါင် ၁၀ သန်းဝန်းကျင် ကမ်းလှမ်းမှုမျိုးကို လက်ခံဖို့ရှိနေပေမဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဆီ ရောင်းချဖို့တော့ လုံး၀ လက်မခံပါဘူး။
ဒါက ရစ်ချာလီဆန်ရဲ့နောက်ဆုံးတောင်းဆိုမှုလို့ သတင်းထွက်နေပြီး ရောင်းထုတ်ဖို့ တော့တင်ဟမ်ဘက်က ဆန္ဒပြင်းပြနေပေမဲ့လည်း ပြည်တွင်းပြိုင်ဘက်အသင်းတစ်ခုဆီ အင်အားဖြည့်တင်းပေးမယ့် လုပ်ရပ်မျိုးကို ဒီဇာဘီ ခွင့်ပြုပေးနိုင်စရာ မရှိပါဘူး။