The network connection is lost.

Banner Image

ကိုဗင်ထရီကို အနိုင်ရရှိပြီးနောက် တော့တင်ဟမ်အသင်းရဲ့ခံနိုင်ရည်ရှိမှုကို ဒီဇာဘီ ချီးကျူး

တော့တင်ဟမ်နည်းပြဒီဇာဘီက ကိုဗင်ထရီစီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမှုရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အီတာလျံလူမျိုးနည်းပြက ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ တော့တင်ဟမ်အသင်း ပိုမိုကောင်းမွန်အောင် ကစားနိုင်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့ပေမဲ့ အမှားအယွင်းတွေအပေါ် အခွင့်ကောင်းယူ အပြစ်ပေးနိုင်တဲ့ ဖရန့်လမ်းပတ်ရဲ့အသင်းကို ကျော်ဖြတ်နိုင်ဖို့ဆိုတာ ပိုအရေးကြီးတယ်လို့ အလေးအနက် ထောက်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်တရားဝင်ဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် ဒီဇာဘီက "ရလဒ်အတွက် ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်။ ရိုးရိုးသားသားပြောရရင် ဥပမာ- အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်လိုမျိုး တခြားပွဲစဉ်တွေမှာ ကျွန်တော်တို့ ပိုကောင်းအောင် ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်"

"ဒီရလဒ်ကိုရယူနိုင်ဖို့ အရေးကြီးပါတယ်။ ကိုဗင်ထရီလိုအသင်းမျိုးနဲ့ ရင်ဆိုင်ရချိန် ခက်ခဲတဲ့ အခြေအနေကို ချက်ချင်းမမြင်နိုင်ပေမဲ့ ကိုယ်သာ အမှားအယွင်းတစ်ခုလုပ်လိုက်ရင် သူတို့ရဲ့တန်ပြန်တိုက်စစ်နဲ့ ချက်ချင်း ရင်ဆိုင်ရပါလိမ့်မယ်" လို့ ပြောပါတယ်။

ဆက်လက်ပြီး ဒီဇာဘီက မက်ဒီဆင်ရဲ့လှပတဲ့သွင်းဂိုးကိုလည်း ချီးကျူးခဲ့ပြီး ဒီကွင်းလယ်လူရဲ့ ထူးခြားတဲ့အရည်အသွေးတွေနဲ့ အသင်းအတွက် အရေးပါပုံကို အလေးပေး ပြောဆိုခဲ့ပါတယ်။

တော့တင်ဟမ်နည်းပြက "မက်ဒီဆင်ကိုယ်တိုင် ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့ပြီး ဒါ အရေးကြီးပါတယ်။ သူက မတူကွဲပြားတဲ့ ကစားသမားတစ်ဦးပါ" လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ပွဲစဉ်အပြီး အဝတ်လဲခန်းအတွင်း ကူလူဆက်ဗ်စကီးကို အထူးကြိုဆိုဂုဏ်ပြုခဲ့ပြီး ဒီအခိုက်အတန့်ကို ကလပ်အသင်းအတွက်ရော၊ ကစားသမားအတွက်ပါ အဓိပ္ပါယ်ပြည့်၀မှုလို့ ဒီဇာဘီက ဆိုပါတယ်။

သူက "ပွဲစဉ်အပြီး အဝတ်လဲခန်းထဲမှာ ကူလူဆက်ဗ်စကီးအတွက် ကျွန်တော်တို့ အောင်ပွဲခံ ဂုဏ်ပြုပေးခဲ့ကြပါတယ်။ ဒါက ကျွန်တော်တို့အတွက်ရော၊ ကစားသမားအတွက်ပါ အလွန်ကောင်းမွန်တဲ့ အရာတစ်ခုပါ" လို့ ပြောပါတယ်။