The network connection is lost.

Banner Image

ဂါနာချိုရဲ့နောက်ပြန်ကန်ချက်က သူ့ထက်ပိုကောင်းတယ်လို့ ဝန်ခံလိုက်တဲ့ ရွန်းနီ

လက်ရှိရာသီအစောပိုင်းက အဲဗာတန်နှင့်ပွဲမှာ သွင်းယူခဲ့တဲ့ ဂါနာချိုရဲ့ နောက်ပြန်ကန်ချက်က မန်ချက်စတာဒါဘီမှာ သူသွင်းယူခဲ့တဲ့ဂိုးထက် ပိုကောင်းပါတယ်လို့ ရွန်းနီက ဝန်ခံလိုက်ပါတယ်။ဂွတ်ဒီဆင်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲမှာ ဂါနာချိုက တစ်ရာသီစာအကောင်းဂိုးအဖြစ် စာရင်းဝင်သွားစေနိုင်တဲ့ လှပတဲ့ကန်ချက်ဖြင့် ယူနိုက်တက်အတွက် အနိုင်ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။

အာဂျင်တီးနားသားရဲ့ လှပတဲ့ဂိုးဟာ လွန်ခဲ့တဲ့ ၁၃ နှစ်က မန်စီးတီးနဲ့ပွဲမှာ ရွန်းနီသွင်းယူခဲ့တဲ့ဂိုးနဲ့ ချက်ချင်းဆိုသလို နှိုင်းယှဉ်ခြင်းခံခဲ့ရပါတယ်။ယူနိုက်တက်ရဲ့ စံချိန်တင်ဂိုးသွင်းရှင် ရွန်းနီဟာ အဲ့ဒီနေ့က မန်ချက်စတာဒါဘီမှာ အိုးလ်ထရက်ဖို့ဒ်ကို အားလုံးကိုအံ့အားသင့်သွားစေခဲ့ပြီး အခုချိန်မှာတော့ သူ့ရဲ့ငယ်ဘဝကလပ်နှင့်ပွဲက ဂါနာချိုရဲ့သွင်းဂိုးအပေါ် မှတ်ချက်ပေး ပြောကြားလိုက်တာဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းသည် စနေနေ့က ယူနိုက်တက်နှင့် အဲဗာတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့ပြီး ပိုမိုကောင်းမွန်သောဂိုးကို သွင်းယူနိုင်ခဲ့တဲ့အတွက် ဂါနာချိုအား ချီးကျူးပြောကြားခဲ့ပါတယ်။အဲ့ဒီတုန်းက ရွန်းနီရဲ့ ဂိုးဟာ ပြိုင်ဘက်ဂိုးသမား ဂျိုးဟက်ကို ကျော်ပြီးသွင်းယူခဲ့တာဖြစ်ပြီး ဂါနာချိုရဲ့ ကြိုစားအားထုတ်မှုနှင့် ပိုမိုကောင်းမွန်မှုတို့အတွက် အသက် ၃၈နှစ်အရွယ် ကစားသမားဟောင်းက ချီးကျူးပြောဆိုထားပါတယ်။

"ခြေဖဝါးထက် ညိုသကျီးနဲ့ဂိုးသွင်းယူဖို့ ပိုခက်ပါတယ်လို့ ကျွန်တော် အမြဲပြောဖူးပါတယ်။ အဲ့ဒီလိုလုပ်ဖို့က ခက်ခဲတဲ့ နည်းစနစ်ပါ။ ဂါနာချိုက ပိုပြီးကောင်းမွန်ခဲ့ပါတယ်""ရီယိုပြောတာ မှန်တယ်လို့ ကျွန်တော်ထင်ပါတယ်၊ နည်းစနစ်က မယုံနိုင်လောက်အောင်ပါပဲ""သူ့ရဲ့ဂိုးက ပိုကောင်းတဲ့ဂိုးပါ၊ ပိုကောင်းတဲ့နည်းစနစ်ဆိုတာကျိန်းသေပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဂိုးက ပိုကြီးတယ်လို့ ထင်ပါတယ်" လို့ ရွန်းနီက ပြောခဲ့ပါတယ်။

ရွန်းနီဟာ ယူနိုက်တက်တွင် အောင်မြင်မှုများစွာရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ်နှင့် ပြည်တွင်းဖလားတို့ကိုလည်း များစွာရရှိခဲ့သူဖြစ်ပါတယ်။ကလပ်မှာရှိခဲ့တဲ့ ၁၃ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ရန် အဲဗာတန်သို့ ပြန်မပြောင်းမီ ယူနိုက်တက်အတွက် ၅၅၉ ပွဲကစားပြီး ၂၅၃ ဂိုး သွင်းယူခဲ့ပါတယ်။

ရွန်းနီရဲ့ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်ကလည်း မယုံနိုင်လောက်စရာ ဂိုးနှစ်ဂိုးကို နှိုင်းယှဉ်ရာမှာ ပါဝင်ခဲ့ပြီး ဂါနာချိုရဲ့ သွင်းဂိုးက ပိုကောင်းတယ်ဆိုတာကို သဘောတူညီခဲ့ပါတယ်။"ရွန်းနီရဲ့ ညိုသကျီးအကာက ထွက်လာလို့ နည်းပညာက ပိုကောင်းတယ်လို့ ငါထင်ခဲ့တယ်၊ အဲဒါကို မင်း ဝန်ခံတယ်မလား။ မင်းရဲ့ ညိုသကျီးအကာကို ချွတ်ထားသလား မချွတ်ထားဘူးပြောပါအုံး" လို့ ဖာဒီနန်က ပြောပါတယ်။