The network connection is lost.

Banner Image

ဝုဗ်နဲ့ပွဲအပြီးမှာ အသင်းဖော်နက်တိုနဲ့ နည်းပြမာရက်စ်ကာတို့ထံမှ ချီးကျူးမှုတွေရရှိခဲ့တဲ့ ဂါနာချို

ချဲလ်ဆီးတောင်ပံကစားသမား ပက်ဒရိုနက်တိုနဲ့ နည်းပြအန်ဇိုမာရက်စ်ကာတို့ဟာ ဝုဗ်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရတဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ အသင်းရဲ့တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါပွဲစဉ်မှာ နက်တိုဟာ ချဲလ်ဆီးအတွက် တတိမြောက်အနိုင်ဂိုးကို ဂါနာချိုရဲ့ဖန်တီးပေးပို့မှုမှတစ်ဆင့် သွင်းယူနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားလက်ရွေးစင်ဟာ အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်ကြောင်း ချီးကျူးပြောဆိုခဲ့ပါတယ်။

နက်တိုက "ဒီနေ့ ဂါနာချိုရဲ့ခြေစွမ်းကြောင့် အရမ်းစိတ်ကျေနပ်မိပါတယ်။ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကို သူပြသနိုင်ခဲ့တာပါ။ သူက အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်ပြီး အခုလိုပုံမှန်ပွဲထွက်ခွင့်ကိုလည်း သူဘာသူပဲ ရအောင်ယူနိုင်ခဲ့တာပါ။ ချန်ပီယံလိဂ်မှာ သူဂိုးသွင်းနိုင်ခဲ့သလို၊ ဒီနေ့မှာလည်း ဂိုဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့လို့ သူ့အတွက်ဝမ်းသာမိပါတယ်"

"အသင်းအတွက် သူ့ရဲ့ပေးဆပ်မှုက တော်တော်လေးသက်ရောက်မှုရှိလာပါတယ်။ ကွင်းထဲမှာ မနားမနေပြေးလွှားပြီးအလုပ်ကြိုးစားနေတယ်ဆိုတာ လူတိုင်းမြင်နိုင်ပါတယ်။ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ကို ထိန်းသိမ်းထားနိုင်သူပါ" လို့ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်းနဲ့ပတ်သက်ပြီး နည်းပြမာရက်စ်ကာက "ဒီနေ့သူ အရမ်းကောင်းတဲ့ပွဲတစ်ပွဲကိုကစားနိုင်ခဲ့ပါတယ်။ ဘောလုံးကိုင်ထားတဲ့အချိန်မှာ အသင်းအတွက်အများကြီးအကူအညီပေးနိုင်သလို၊ ဘောလုံးမရှိချိန်မှာလည်း သူ့ရဲ့သက်ရောက်မှုကို မြင်တွေ့ခဲ့ရပါတယ်။ ပက်ဒရိုနက်တိုကလည်း ဒီနေ့ပွဲမှာ အရမ်းကောင်းခဲ့ပါတယ်"

"ဂါနာချိုက အခြားအသင်းကနေ ဒီကိုရောက်လာတာဆိုတော့ အရင်တုန်းက အသင်းမှာ ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ လေ့ကျင့်ရေးမဆင်းခဲ့ရပါဘူး။ ဒါကြောင့် သူ့ရဲ့ကြံ့ခိုင်မှုအခြေအနေကလည်း မကောင်းခဲ့ပါဘူး။ အခုချိန်မှာ‌တော့ တဖြည်းဖြည်းနဲ့ အများကြီးပိုကောင်းလာခဲ့ပါပြီ" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။