အသင်းဖော်သစ်ရဲ့ခြေစွမ်းကို ချီးကျူးလိုက်တဲ့ ရောဘတ်ဆန်
လေဗာကူဆင်ကနေပြောင်းလာပြီးနောက် ရုန်းကန်နေရတဲ့ အသင်းဖော် ဝီရက်ဇ်ရဲ့ခြေစွမ်းကို လီဗာပူးစတား ရောဘတ်ဆန်က ချီးကျူးလိုက်သလို ကာကွယ်ပြောကြားမှုလည်း ပြုလုပ်လိုက်ပါတယ်။ ရောဘတ်ဆန်က ဝီရက်ဇ်ရဲ့အကျိုးပြုမှုကို ထောက်ပြခဲ့ပြီး လက်ကျန်ရာသီအတွက်ပါ ခန့်မှန်းလိုက်ပါတယ်။မေလတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းဟာ အခုနွေရာသီမှာ အီဆက် ၊ ဝီရက်ဇ်တို့အပါအဝင် လူအင်အားဖြည့်တင်းမှုအများအပြားပြုလုပ်ထားခဲ့ပါတယ်။ ယူနိုက်တက်ကိုအရေးနိမ့်ပြီးနောက် လီဗာပူးဟာ အခုကြားရက်မှာ ဖရန့်ဖတ်အသင်းနဲ့ချန်ပီယံလိဂ်ကစားခဲ့ရပြီး ၅-၁ နဲ့အနိုင်ယူနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ပြင်းထန်မှုကြောင့် ဝီရက်ဇ်ဟာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရပြီး အခုချိန်အထိ အသင်းအတွက် ပြည်တွင်းလိဂ်မှာ သွင်းဂိုးကော ဂိုးဖန်တီးမှုပါ မပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။ ဒါပေမယ့် ကြားရက်က ချန်ပီယံလိဂ်မှာတော့ ၂ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ စလော့ရဲ့လက်အောက်မှာ နည်းစနစ်အသစ်ကြောင့် ထိချက်အနည်းငယ်အပြင် လေဗာကူဆင်မှာလို လွှမ်းမိုးနိုင်မှုမရှိသေးကာ အင်္ဂလိပ်ဘောလုံးကစားဟန်နဲ့အသားကျဖို့ အချိန်ယူနေရဆဲဖြစ်ပါတယ်။
“သူ(ဝီရက်ဇ်)က ထူးချွန်ပါတယ်။ ပွဲထဲမှာ သူပိုပိုကောင်းလာတယ်လို့ ကျွန်တော်ထင်ပါတယ်။အထူးသဖြင့် ဒုတိယပိုင်းမှာပါ။ အသင်းဖော်တွေကလည်း သူ့ကိုအများကြီးကူညီပါတယ်။ ကာတစ်လည်း ဒီနေ့မှာ ထူးချွန်ခဲ့ပါတယ်။ ကွင်းလယ်လူ ၃ ဦးရဲ့အရှိန်အဟုန်နဲ့အတူ ဒီနေ့ပွဲက အဆင်ပြေခဲ့တာပါ။ ဖလိုလည်း ရောက်လာပြီးကတည်းက အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့ပါတယ်။ လူတွေက ဂိုးအရေအတွက် နဲ့ ဂိုးဖန်တီးမှုကိုပဲ အာရုံစိုက်နေကြတာပါ။ ဒါပေမယ့် သူ့ရဲ့ဖန်တီးမှုတွေက အသင်းကိုအကူအညီဖြစ်စေတယ်ဆိုတာ မြင်နိုင်ပါတယ်။ သူ့အနေနဲ့လည်း အခုခြေစွမ်းအတိုင်း ဆက်ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဝီရက်ဇ်က ပြောကြားခဲ့ပါတယ်။
ဖရန့်ဖတ်နဲ့ပွဲမတိုင်ခင် ဖာဒီနန်က ဝီရက်ဇ်နဲ့ပတ်သက်ပြီး “အဲ့တာက ကြီးမားတဲ့စိန်ခေါ်မှုကပါ။ ပေါင်သန်း ၁၀၀ တန်ကစားသမားတစ်ဦးအနေနဲ့ ပထမဆုံး ၂ လ ဒါမှမဟုတ် ၃ လလောက်မှာ အထိုင်မကျရင် ညွှန်ပြတာတွေရှိလာနိုင်ပါတယ်။ တကယ်လို့ နည်းပြဘက်ကလည်း ပွဲတွေချန်လှပ်ထားမယ်ဆိုရင် စိတ်ထဲမှာ သံသယတွေဖြစ်လာနိုင်ပါတယ်။ သံသယတွေက ကြီးထွားလာနိုင်ပြီး ခင်ဗျားအနေနဲ့ မတွေးပဲမနေနိုင်ဖြစ်လာနိုင်ပါတယ်။ ငါအခုမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ခဲ့တာလားဆိုတာပေါ့။ ကျွန်တော်ကစားသမားတစ်ဦးနဲ့ ဆုံခဲ့ပါတယ်။ သူ့နာမည်တော့ မပြောတော့ပါဘူး။ သူလည်း အသင်းတစ်သင်းရဲ့အကြီးမားဆုံးခေါ်ယူမှုဖြစ်ခဲ့ပါတယ်။ အသင်းနဲ့အတူ စတင်တာနှေးကွေးခဲ့ပြီးနောက် သူမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ခဲ့ရဲ့လားဆိုတာ တွေးမိတယ်လို့ ပြောလာပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။ဝီရက်ဇ်ဟာ လာမယ့်ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ စွမ်းဆောင်ရည်ထပ်မံပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။