
ငယ်စဉ်က အနိုင်ကျင့်ခံခဲ့ရတာကြောင့် ဘောလုံးကစားသမားဘ၀ကို စွန့်လွှတ်လုနီးပါး ဖြစ်ခဲ့တဲ့ ရော်နယ်ဒို
အသက် ၃၈ နှစ်အရွယ်ကစားသမားဟာ ၂၀၀၃ ခုနှစ်နွေရာသီတွင် စပို့တင်းလစ္စဘွန်းကနေ အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ပြီး ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘက်ခမ်းရဲ့နေရာတွင် အစားဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
၆ နှစ်အတွင်းမှာ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ရနိုင်သမျှ ဆုဖလားတိုင်းကို ရယူနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၀၉ ခုနှစ်တွင် ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ဖြင့် ပြောင်းရွေ့ခဲ့ပြီး ကွင်းအတွင်း အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သူ့ရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်အောင် ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ၂၀၁၉ ခုနှစ်တွင် ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် နွေရာသီတွင် ယူနိုက်တက်သို့ ဒုတိယအကြိမ်မြောက် ရောက်လာခဲ့ပါတယ်။ သို့သော်လည်း ပီးယာ့စ်မော်ဂန်နှင့် အင်တာဗျူးတွင် တန်ဟက်ရဲ့အသင်းကို ရှုထောင့်များစွာကနေ ဝေဖန်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့ကာ အယ်လ်နာဆာအတွက် ကစားပေးဖို့ ဆော်ဒီအာရေးဗျသို့ ပြောင်းလာခဲ့ပါတယ်။
စပို့တင်းရဲ့အကယ်ဒမီမှာရှိတုန်း လူငယ်ကစားသမားဘဝတုန်းက ရော်နယ်ဒိုဟာ ဘောလုံးလောကကနေ နှုတ်ထွက်ဖို့ စဉ်းစားခဲ့တဲ့မယ်ဆိုရင် မတူညီတဲ့ လမ်းကြောင်းတစ်ခုကို ဖြတ်သန်းခဲ့ရပြီး သမိုင်းကြောင်း ပြောင်းသွားနိုင်ပါတယ်။ ရော်နယ်ဒိုဟာ အတ္တလန္တိတ်သမုဒ္ဒရာက ပေါ်တူဂီကျွန်းရှိ မက်ဒီရန်မှဖြစ်တာကြောင့် အဆိုပါဒေသရဲ့ လေယူလေသိမ်းဖြင့် စကားပြောဆိုခဲ့ပြီး အကယ်ဒမီတွင် စပို့တင်းအတွက် ကစားရန် ပြည်မကြီးသို့ ပြောင်းရွှေ့လာတဲ့အခါ အနိုင်ကျင့်မှုပြဿနာများ ဖြစ်ပေါ်ခဲ့ပါတယ်။
လစ္စဘွန်းမှာ ကြုံတွေ့ခဲ့ရတဲ့ ရုန်းကန်ခဲ့ရမှုတွေကို "မက်ဆီနဲ့ ရော်နယ်ဒို - ပြိုင်ဆိုင်မှုတစ်ခု၊ GOAT နှစ်ဦးနှင့် ကမ္ဘာကြီးရဲ့ပွဲစဉ်တွေကို ပြန်လည်ဖန်တီးတဲ့ခေတ်" ဆိုတဲ့ စာအုပ်မှာ ဖော်ပြခဲ့ပါတယ်။ The Sun ရဲ့ အဆိုအရတော့ ရော်နယ်ဒိုဟာ စပို့တင်းမှာရှိစဉ် အကယ်ဒမီကစားသမားအဖြစ်နဲ့ အနားယူဖို့ စီစဉ်နေခဲ့တာပါ။
ရော်နယ်ဒိုဟာ သူ့ရဲ့မက်ဒီရန်စကားပြော လေယူလေသိမ်းကြောင့် အခြားကလေးများရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရပြီး မိသားစုနှင့် သူငယ်ချင်းများကို လွမ်းဆွတ်နေသောကြောင့် နေ့တိုင်း ငိုနေရကြောင်းလည်း အဆိုပါစာအုပ်တွင် ဖော်ပြထားပါတယ်။ ရော်နယ်ဒိုဟာ ငယ်ရွယ်စဉ်မှာ သူ့ရဲ့ စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ခဲ့တာကြောင့် ရလဒ်အနေနဲ့ တခြားကလေးတွေနဲ့ ရန်ဖြစ်ခဲ့ရမှုတွေမှာ ပါဝင်ပတ်သက်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ရော်နယ်ဒိုဟာ ကျောင်းထွက်ခွင့်ရပြီး ဘောလုံးကစားခြင်းကို အာရုံစိုက်ခဲ့ပါတယ်။ နောက်ပိုင်းတွင် စပို့တင်းရဲ့ပထမအသင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရပါတယ်။