The network connection is lost.

Banner Image

လီဗာပူးမှထွက်ခွာလာတဲ့ မိုဆာလက်ကို ကစားသမားသစ်အဖြစ် မကြာခင်တရားဝင်ကြေညာနိုင်တော့မယ့် ဘက်ဆစ်တက်

အခုနွေရာသီ၊ လီဗာပူးအသင်းမှ ထွက်ခွာလာတဲ့ မိုဆာလက်က လာမယ့်သီတင်းပတ်အတွင်း တူရကီထိပ်သီး ဘစ်ဆစ်တက်နဲ့ စာချုပ်ချုပ်ဆိုကာ ကစားသမားဘ၀ နောက်ထပ်ခြေလှမ်းကို လျှောက်လှမ်းသွားပါတော့မယ်။

အသက် ၃၄ နှစ်အရွယ်မိုဆာလက်က လီဗာပူးမှာ ကိုးရာသီကြာဖြတ်သန်းခဲ့ပြီး ပြိုင်ပွဲစုံ ၄၂၂ ပွဲကစား၊ ၂၅၇ ဂိုးအထိ သွင်းယူပြီးနောက် အခုနွေရာသီမှာပဲ အသင်းနဲ့ စိတ်မကောင်းစွာ လမ်းခွဲနှုတ်ဆက်ခဲ့ပါတယ်။။ 

အန်ဖီးလ်မှ ထွက်ခွာလာခဲ့တဲ့ အီဂျစ်ဘုရင်ကြီးကို ကမ္ဘာ့အဆင့်ကစားသမားကြီးတွေ အနားယူလေ့ရှိတဲ့ အမေရိကန်မေဂျာလိဂ် (MLS) နဲ့ ဆော်ဒီပရိုလိဂ်တို့ကလည်း ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အခုချိန်အထိတော့ အပြောင်းအလဲမရှိသေးပါဘူး။

မိုဆာလက်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကာလတလျှောက် အီဂျစ်အသင်းအတွက် ကစားပေးနေချိန်အတွင်း အနာဂတ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်မှန်သမျှကို ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။ အီဂျစ်အသင်းဟာ အာဂျင်တီးနားကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရပေမဲ့ မိုဆာလက်ကတော့ အသင်းအတွက် သုံးဂိုးသွင်းယူပေးခဲ့ပါတယ်။

The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ မိုဆာလက်က ယူရို ၁၀ သန်း (ပေါင် ၈ဒဿမ၅ သန်း) အပြင် အပိုဆုကြေး ယူရိုနှစ်သန်း (ပေါင် ၁ဒဿမ၇ သန်း) ပါဝင်မယ့် စာချုပ်နဲ့ လာမယ့်သီတင်းပတ်မှာ ဘက်ဆစ်တက်ဆီ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဒီစာချုပ်ထဲမှာ အခြေအနေအရ သက်တမ်းတစ်နှစ်ထပ်တိုးနိုင်မယ့် အခွင့်အရေးလည်း ပါဝင်တယ်လို့ သိရပါတယ်။

အခုသီတင်းပတ်အစောပိုင်းမှာလည်း ဘက်ဆစ်တက်အသင်းက အာဆင်နယ်ကစားသမားထရိုဆက်ကိုလည်း ခေါ်ယူနိုင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ထရိုဆက်ကို မိတ်ဆက်ချိန်မှာတောင် မိုဆာလက်ကို ခေါ်ယူပေးဖို့ ပရိသတ်တွေ အော်ဟစ်တောင်းဆိုခဲ့ကြလို့ မိုဆာလက်ရောက်ရှိလာဖို့ ပရိသတ်တွေရဲ့မျှော်လင့်ချက် အထွဋ်အထိပ် ရောက်ရှိနေပါတယ်။

မိုဆာလက်ရဲ့အေးဂျင့်ဖြစ်သူ ရာမီအာဘတ်စ်ကလည်း "လာမယ့်ရာသီအတွက် မိုဆာလက် ဘယ်မှာကစားမလဲဆိုတာ သေချာမသိရသေးပါဘူး။ ဒါပေမဲ့ မကြာခင်မှာ သိလာရပါလိမ့်မယ်" လို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။