၂၀၂၅ ခုနှစ်အတွက် ဘောလုံးလောကအတွက် ခန့်မှန်းမှုပြုလုပ်လိုက်တဲ့ ဖာဒီနန်
ဖာဒီနန်က ကိုးလ်ပါလ်မာအတွက် ကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို စောင့်ကြည့်နေချိန်တွင် ရီးရဲလ်မက်ဒရစ်အား ယခုနှစ် ချန်ပီယံလိဂ်ဖလားကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ ထောက်ခံအားပေးခဲ့ပါတယ်။ ယူနိုက်တက်နောက်ခံလူဟောင်းအား လာမယ့် ၁၂ လအတွက် သူ့ရဲ့ခန့်မှန်းချက်များကို မေးတဲ့အခါ ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄ ခုနှစ်ကအတိုင်း သူတို့ရဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းကာ နောက်ထပ်ဥရောပဖလားကို ဆွတ်ခူးနိုင်လိမ့်မလို့ဟု ယုံကြည်ကြောင်း ပြောပါတယ်။
ယခုအခါ အမ်ဘာပေကလည်း အရည်အသွေးပိုကောင်းလာတာကြောင့် စပိန်ဘီလူးကြီးများအတွက် မကြာခဏအဆိုသလို နောက်ကောက်ကျနေခြင်းက ရပ်တန့်သွားမှာဖြစ်ပါတယ်။ ဖာဒီနန်ဟာ ကစားသမားအဖြစ် လီဗာပူးနှင့်ပြိုင်ဆိုင်ခဲ့ဖူးသော်လည်း သူတို့က ဒုတိယမြောက် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်လိမ့်မည်ဟု ယုံကြည်နေပါတယ်။
လီဗာပူးဟာ ထိပ်တန်းအဆင့်တွင် ကောင်းမွန်စွာရပ်တည်နေပြီး ၈ မှတ်အသာဖြင့် ဦးဆောင်နေပါတယ်။ ဆာလက်ဟာ သူတို့ရဲ့ အဓိက ကစားသမားထပ်မံဖြစ်လာခဲ့ပြီး စံချိန်တွေကိုလည်း ချိုးဖြတ်ခဲ့ပြီ ဖြစ်ပါတယ်။ အီဂျစ်သားရဲ့ အနာဂတ်ဟာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ဖာဒီနန်က သူ့ကို ဘော်လွန်းဒီအော်ဆုကို ရရှိဖို့ ထောက်ခံထားပြီး ဒါဟာ သူ့ကို ဒုတိယမြောက် အာဖရိက ကစားသမား ဖြစ်လာစေမှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ယခုရာသီတွင် ရုန်းကန်နေရသော်လည်း ဟာလန်းဟာ ရွှေဖိနပ်ဆုကို ထပ်မံရယူနိုင်လိမ့်မယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။ ဟာလန်းဟာ အလန်ရှီးယားနှင့် အွန်နရီတို့နောက် ၃ ကြိမ်လောက်ရရှိတဲ့ တတိယမြောက်ကစားသမား ဖြစ်လာမှာပါ။
နော်ဝေနိုင်ငံသားဟာ ယခင်နှစ်များကကဲ့သို့ ခြေစွမ်းပြနိုင်ခြင်းမရှိဘဲ နောက်ဆုံး ၁၀ ပွဲတွင် ၃ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ သူဟာ တစ်နှစ်တာအတွင်း စိတ်လှုပ်ရှားစရာကောင်းတဲ့ပုံစံနဲ့ စတင်ခဲ့ပြီး ၁၄ ဂိုး သွင်းယူထားကာ လက်ရှိအချိန်မှာ ဆာလက်က သူ့ထက် ၃ ဂိုး ပိုသွင်းထားပါတယ်။
ပြီးခဲ့တဲ့ရာသီက တန်းဆင်းဇုံမှာရှိခဲ့တဲ့ နောတင်ဟမ်ဖောရက်စ်က လက်ရှိအချိန်မှာ ထိပ်ဆုံးလေးသင်းအတွင်းမှာ ရပ်တည်နေပါသည်။ နူနိုဆန်းတို့စ်ဟာ တော့တင်ဟမ်မှာ ဘာမှမလုပ်နိုင်ခဲ့မေယ့် စီးတီးဂရောင်းမှာတော့ အကောင်းဆုံးလုပ်ပြထားတာဖြစ်ပါတယ်။ အာနီစလော့ဟာ တစ်နှစ်တာအကောင်းဆုံးနည်းပြအဖြစ် ရွေးချယ်ခံရရန်ရှိနေပါတယ်လို့ ဖာဒီနန်က ထောက်ခံထားပါတယ်။
ပယ်လ်မာရဲ့ချဲလ်ဆီးအသင်းဟာ ချန်ပီယံဆုအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်တယ်လို့ ထင်မြင်ခဲ့သော်လည်း ခက်ခဲတဲ့ကာလတစ်ခုအပြီးတွင် ဝေးကွာသွားခဲ့ရပါတယ်။ မန်စီးတီးကစားသမားဟောင်းဟာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြောင်းရွှေ့လာပြီးနောက် ခြေစွမ်းပြသထားပြီး တစ်ဦးချင်း ချီးကျူးဂုဏ်ပြုမှုများကိုလည်း ရရှိထားတာဖြစ်ပါတယ်။
တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိဖို့ ထောက်ခံရုံသာမက အသက် ၂၂ နှစ်အရွယ် ပါလ်မာက လူငယ်ကစားသမားဆုကိုလည်း ရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုအတွင်း ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ဂါရတ်ဘေးလ်တို့ဟာ တစ်နှစ်တည်းတွင် အဆိုပါဆုနှစ်ခုစလုံးကို ရရှိခဲ့ကြတဲ့ ကစားသမားတွေဖြစ်ပါတယ်။