The network connection is lost.

Banner Image

ဘာကိုလာကို လီဗာပူးအသင်း ဘယ်လိုပုံစံမျိုး အသုံးချနိုင်မလဲဆိုတာ ရှင်းပြလာတဲ့ အွန်နရီ

သီယာရီအွန်နရီက နွေရာသီကစားသမားသစ်ဘာကိုလာရဲ့အကောင်းဆုံးခြေစွမ်းကို လီဗာပူးအသင်း ဘယ်လိုထုတ်ယူနိုင်မလဲဆိုတာ ဖွင့်ဟပြောပြလာပါတယ်။

လီဗာပူးက အခုနွေရာသီ၊ ပီအက်စ်ဂျီရဲ့ ပြင်သစ်တိုက်စစ်မှူးဘာကိုလာကို ပေါင် ၁၂၃ သန်းအထိ ရှိလာနိုင်မယ့် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့ပြီး အီဆက်ခ်အပြောင်းအရွှေ့နောက်ပိုင်း ကလပ်အသင်းရဲ့ဒုတိယမြောက်တန်ကြေးအမြင့်ဆုံး အပြောင်းအရွှေ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဘာကိုလာက ပြင်သစ်မြေမှာ လီဂူးဝမ်းချန်ပီယံဆုသုံးကြိမ်နဲ့ ချန်ပီယံလိဂ်ဖလားနှစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ သူက ယမန်နှစ်ဘောလုံးရာသီ၊ ပီအက်စ်ဂျီအတွက် ၂၉ ပွဲကစားရာမှာ လိဂ်သွင်းဂိုး ၁၁ ဂိုး ရရှိခဲ့သလို ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာလည်း ၁၄ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၀ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားက အန်ဖီးလ်ကွင်းမှာ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး နည်းပြအီရာအိုလာအတွက် အားထားရမယ့်သူ ဖြစ်လာနိုင်ပါတယ်။

အခုညပိုင်း၊ အစ်ဆွစ်တောင်းနဲ့ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ကစားလာနိုင်တဲ့ ဘာကိုလာနဲ့ပတ်သက်လို့ အွန်နရီက လီဗာပူးဆီ အကြံပြုချက်တစ်ခု ပေးပို့ခဲ့ပါတယ်။

"ဘာကိုလာနဲ့ပတ်သက်တဲ့ အဓိကအချက်က ခင်ဗျားတို့ ဘယ်လိုကစားမလဲဆိုတာအပေါ် မူတည်ပါတယ်။ သူ့ကို တစ်ဦးချင်းရင်ဆိုင်မှုအခြေအနေတွေမှာ ကစားခိုင်းမလား?" လို့ အွန်နရီက မေးခွန်းထုတ်ပါတယ်။

"ခင်ဗျားတို့တွေ တန်ပြန်တိုက်စစ်ကစားချင်တယ်ဆိုရင် သူရဲ့ပြေးလွှားမှုက အရမ်းမြန်ပါတယ်။ ဒါပေမဲ့ သူ့ကို တိုက်စစ်ဆင်တာထက် ခံစစ်ကို ပိုပြီး ကာကွယ်ခိုင်းမလား? ဒါကတော့ သူနဲ့ သိပ်ပြီးမကိုက်ညီနိုင်ပါဘူး။

"နောက်ဆုံးအချက်အဖြစ် ဘာကိုလာကိုယ်တိုင်လည်း အဆုံးသတ်ပိုင်းပိုကောင်းလာအောင် ကြိုးစားသွားရပါမယ်။ တကယ်လို့ အဆုံးသတ်ပိုင်းသာ ပိုကောင်းလာမယ်ဆိုရင် သူကြောင့် ပြိုင်ဘက်ကလပ်အသင်းအတော်များများ သူ့ကြောင့် အခက်တွေ့ရပါလိမ့်မယ်" လို့ အွန်နရီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘာကိုလာက ဗစ်တာမူနော့ဇ်၊ အရူဂျိုတို့နဲ့အတူ လီဗာပူးရဲ့ကစားသမားသစ် ဖြစ်လာခဲ့ပြီး ဇန်နဝါရီလအတွင်း ခေါ်ယူခဲ့တဲ့ ဂျာကွက်လည်း အသင်းဆီ ရောက်ရှိလာပါပြီ။