ဟာလန်းရဲ့ကြံ့ခိုင်မှုပိုင်းနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့သတင်းစကားပါးလာတဲ့ နော်ဝေနည်းပြဆိုလ်ဘတ်ကန်
ပေါ်တူဂီနဲ့ပွဲစဉ်မှာ လူစားလဲထွက်ခွာသွားတဲ့ ဟာလန်းကြောင့် ဒဏ်ရာပြဿနာစိုးရိမ်မှုတွေ ပေါ်ပေါက်လာပေမဲ့ ဒီထင်မြင်ချက်တွေကို နော်ဝေနည်းပြဆိုလ်ဘတ်ကန်က ပယ်ချလိုက်ပြီး တိုက်စစ်မှူးမှာ ရိုးရိုးတန်းတန်း ပင်ပန်းနွမ်းလျနေရုံသာ ဖြစ်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ လီဗာပူးနဲ့ရင်ဆိုင်ရမယ့် မန်စီးတီးရဲ့ပွဲစဉ်မတိုင်မီ သူ့ရဲ့ကြံ့ခိုင်မှုပိုင်းအခြေအနေအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပြီး ဟာလန်းကိုယ်တိုင်လည်း ဒုတိယပိုင်းပွဲချိန်၊ လူစားလဲလှယ်မှုမတိုင်ခင်အထိ ရုန်းကန်နေရတဲ့ပုံစံမျိုးကို မြင်တွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ဒီပြဿနာက သီးခြားဒဏ်ရာတစ်ခုရရှိတာထက် ပင်ပန်းနွမ်းနယ်မှုကြောင့်သာ ဖြစ်တယ်လို့ ဆိုလ်ဘတ်ကန်က ပြောကြားခဲ့ပါတယ်။
နော်ဝေနည်းပြက "ဟာလန်းတော့ ရိုးရိုးရှင်းရှင်းကို လုံးဝ ပင်ပန်းနွမ်းနယ်ပြီး အားအင်ကုန်ခမ်းသွားခဲ့ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော့်ရဲ့ကစားသမားတချို့ဆိုရင် အားလပ်ရက် ၆ ရက်၊ ၇ ရက်လောက်ပဲ ရခဲ့ကြပါတယ်။ ပြီးတော့ သာမန်အလုပ်တစ်ခုမှာဆိုရင် ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုတစ်ခုတည်း ပြီးတော့ သာမန် အလုပ်တစ်ခုမှာဆိုရင်တောင် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတစ်ခုတည်းကို မှီခိုရပ်တည်နေလို့ မရပါဘူး"
"အဲဒီနောက် ရာသီအစဆီ တန်းရောက်သွားပြီး အခုလိုအသေးစားပြိုင်ပွဲတစ်ခု ဆက်တိုက်ရောက်ရှိလာလို့ ဒါ အလွန်အမင်းပြင်းထန်တဲ့ ဖိအားတစ်ခု ဖြစ်လာပါတယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီး ဆိုလ်ဘတ်ကန်က မန်ချက်စတာစီးတီးအတွက် ဟာလန်းရဲ့အရေးပါမှုနဲ့ ပါဝင်ယှဉ်ပြိုင်ရတဲ့ပြိုင်ပွဲအရေအတွက် များပြားမှုကြောင့် ဝန်ထုပ်ဝန်ပိုးသယ်ဆောင်ထားရသူတွေအနက် နော်ဝေကြယ်ပွင့်လည်း ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
"သူ့ရဲ့အသင်းက ပြိုင်ပွဲတိုင်းမှာ ပါဝင်ကစားနေပြီး သူကိုယ်တိုင်လည်း အဓိက ကစားသမား ဖြစ်နေလို့ အတိအကျပြောရရင် ပွဲအများဆုံးကစားရတဲ့ ဝန်ထုပ်ဝန်ပိုးအကြီးမားဆုံးကစားသမားစာရင်းမှာ ပါဝင်နေတာပါ" လို့ ဆိုလ်ဘတ်ကန်က ဆိုပါတယ်။