The network connection is lost.

Banner Image

စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌရဲ့ အနမ်းကိစ္စအရှုပ်တော်ပုံကြောင့် ဥရောပပြိုင်ပွဲတွေက ထုတ်ပယ်ခံရနိုင်ချေရှိနေတဲ့ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာ

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့၏ ချန်ပီယံလိဂ်နေရာများသည် ရူဘီလက်စ်၏ အရှုပ်တော်ပုံကြောင့် အန္တရာယ်ရှိနေကြောင်း စပိန်သတင်းများက ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့သည့်အပတ်က ဆစ်ဒနီတွင်ကျင်းပခဲ့သော အင်္ဂလန်အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်အမျိုးသမီးအသင်းက အနိုင်ရခဲ့ပြီးနောက် ရူဘီလက်စ်က အမျိုးသမီးတိုက်စစ်မှူး ဟာမိုဆိုကို နမ်းခဲ့တဲ့ ဖြစ်ရပ် နောက်ဆက်တွဲအနေနဲ့ စပိန်ဘောလုံး ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်တောင်းဆိုနေကြသော်လည်း ရူဘီလက်စ်က ငြင်းဆိုလိုက်ကြောင်း သိရပါတယ်။

အသက် ၄၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရူဘီလက်စ်ဟာ ၎င်း၏ရာထူးမှနုတ်ထွက်ရန် သဘောမတူကြောင်း သောကြာနေ့တွင် ဟာမိုဆို က ပြောကြားခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်က ၎င်းဖြစ်ရပ်များကို ပြန်လည်မေးခွန်းထုတ်ခဲ့ပြီး စပိန်လက်ရွေးစင်၏ ထင်မြင်ချက်များအတွက် ဥပဒေအရ တန်ပြန်အရေးယူမည်ဖြစ်ကြောင်း အံ့အားသင့်စွာ ပြောကြားခဲ့ပါတယ်။

အမျိုးသမီးကစားသမား ၈၁ ဦးသည် ရူဘီလက်စ်ကို ရာထူးမှဖယ်ရှားမှသာ စပိန်ကိုယ်စားပြုအဖြစ် ပါဝင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသော်လည်း ကစားသမားများအနေဖြင့် ရွေးချယ်ခံရပါက နိုင်ငံလက်ရွေးစင်အသင်း အတွက် ကစားပေးရမည့်တာဝန်ရှိကြောင်း အဖွဲ့ချုပ်က ပြန်လည်ပြောကြားခဲ့ပါတယ်။ မရေမတွက်နိုင်သော အလှည့်အပြောင်းများ ရှိနှင့်ပြီးသား ဇာတ်လမ်းတစ်ခုတွင် ယခုအခါ ရူဘီလက်စ်၏ မိခင်က ဘုရားကျောင်းတွင် တံခါးပိတ်ထားပြီး ရူဘီလက်စ်ကို စွပ်စွဲခဲ့သည့်ဖြစ်ရပ်အတွက် ဟာမိုဆိုက အမှန်အတိုင်းပြောသည်အထိ ဘုရားကျောင်းတွင် ရက်အကန့်အသတ်မရှိ နေ့ရောညပါ အစာမစားဘဲ ဆန္ဒပြသွားမည်ဖြစ်ကြောင်းနှင့် သားဖြစ်သူအား ရာထူးမှ နုတ်ထွက်ခိုင်းခြင်းသည် မထိုက်တန်ကြောင်း ပြောခဲ့ပါတယ်။

စပိန်အစိုးရသည် ရူဘီလက်စ်အား ရာထူးမှ ဆိုင်းငံ့ထားရန် ကြိုးပမ်းနေသည့် တရားဝင်တရားစွဲဆိုမှုများ စတင်နေပြီဖြစ်ပြီး စပိန် ဘောလုံးအဖွဲ့ချုပ်ကတော့ ၎င်းတို့အား ဥရောပပြိုင်ပွဲများမှ ထုတ်ပယ်ရန် ယူအီးအက်ဖ်အေထံ တိုက်တွန်းကာ တုံ့ပြန်ခဲ့ကြောင်း သိရပါတယ်။ အကယ်၍ စပိန်ဘောလုံးအဖွဲ့ချုပ်၏ တောင်းဆိုမှုကို ယူအီးအက်ဖ်အေက ခွင့်ပြုလိုက်ပါက ဥရောပထိပ်တန်းအသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ အပါအဝင် စပိန်ကလပ်များအားလုံးသည် ယူအီးအက်ဖ်အေပြိုင်ပွဲအားလုံးမှ ဖယ်ထုတ်ခံရမည်ဖြစ်ကြောင်းသိရပါတယ်။

အဆိုပါအသင်းတွေကတော့ ယူအီးအက်ဖ်အေချန်ပီယံလိဂ်တွင် ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ အက်သလက်တီကိုမက်ဒရစ်နှင့် ရီးရဲလ်ဆိုစီဒက်၊ ယူရိုပါလိဂ်တွင် ဗီလာရီးယဲလ်နှင့် ရီးရဲလ်ဘက်တစ်၊ ယူရိုပါကွန်ဖရင့်လိဂ်တွင် အိုဆာဆူနာတို့ ပါဝင်နေတာ ဖြစ်ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ် မှ ရူဘီလက်စ်ကို ထောက်ခံသူများသည် ၎င်းတို့၏ဥက္ကဌအား တရားဝင်ရာထူးမှနုတ်ထွက်ရန်တောင်းဆိုမှုအတွက် ၎င်းတို့၏နိုင်ငံ၏အစိုးရကို တိုက်ခိုက်ရန်ရှာဖွေနေကြောင်းသိရပါတယ်။

အမှန်တကယ်ပင်၊ စပိန် ဘောလုံးအဖွဲ့ချုပ်သည် ယူအီးအက်အေ၏ စည်းမျဉ်းအရ “အဖွဲ့ဝင်များသည် ၎င်းတို့၏ ကိစ္စများကို လွတ်လပ်စွာ စီမံခန့်ခွဲရမည် ဖြစ်ပြီး တတိယပါတီများထံမှ လွန်လွန်ကဲကဲ လွှမ်းမိုးမှုမရှိဘဲ ထုတ်ပယ်ရန် တောင်းဆိုခွင့်ရှိပါသည်။ အဆိုပါ လုပ်ထုံးလုပ်နည်းအရ ရွေးကောက်တင်မြှောက်ခြင်း မပြုသော သို့မဟုတ် ခန့်အပ်ခြင်း မပြုသော အဖွဲ့၏ မည်သည့် ဆုံးဖြတ်ချက်ကိုမဆို ယူအီးအက်ဖ်အေ က အသိအမှတ် ပြုမည်မဟုတ်ပါ"ဟု ယူအီးအက်ဖ်အေ၏ စည်းမျဉ်းများကိုလည်း အခိုင်အမာ ဖော်ပြခဲ့ပါတယ်။