The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကို စောင့်ဆိုင်းဖို့ ဆန္ဒရှိနေတဲ့ လီဗာပူးခံစစ်မှူးကိုနာတေး

လီဗာပူးနောက်ခံလူကိုနာတေးဟာ လာမယ့်နွေရာသီမှာ သူ့ကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်း ကမ်းလှမ်းလာမလားဆိုတာကို စောင့်ကြည့်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုနာတေးဟာ အခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး လီဗာပူးမှာ ဆက်နေနိုင်ရေး စာချုပ်သစ်ချုပ်ဆိုဖို့ လောလောဆယ်မှာတော့ အလျင်စလိုမရှိသေးပါဘူး။

AS သတင်းဌာနရဲ့ဖော်ပြချက်အရ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းရဲ့ ကမ်းလှမ်းမှုအားလုံးကို ကိုနာတေးငြင်းပယ်ထားရခြင်းရဲ့အကြောင်းရင်းက ရီးရဲလ်မက်ဒရစ်ဖြစ်တယ်လို့ သိရပါတယ်။

ကိုနာတေးရဲ့အခုလိုမျိုးတုံ့ဆိုင်းနေမှုကို လီဗာပူးအသင်းတာဝန်ရှိသူတွေ စိုးရိမ်လာခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီ၊ အာနိုးလ်လိုအဖြစ်အမျိုး ထပ်မကြုံရဖို့ ဆန္ဒရှိနေပါတယ်။

ကိုနာတေးက ဒီရာသီမှာ နည်းပြအန်းစလော့ရဲ့အသင်းအတွက် အဓိကကစားသမားတစ်ဦးဖြစ်ပြီး ပြိုင်ပွဲစုံ ၄၁ ပွဲအထိ ကစားပေးထားကာ နှစ်ဂိုးသွင်းယူပေးထားပါတယ်။