The network connection is lost.

Banner Image

လိုင်ယွန်ကစားသမားမာတင်ဆာထရီယာနိုကို အပြီးသတ်ခေါ်ယူလိုက်တဲ့ ဂီတာဖေး

ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ဂီတာဖေးအသင်းဆီ အငှားဖြင့်လာရောက်ပူးပေါင်းခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် မာတင်ဆာထရီယာနိုက အခုအခါမှာတော့ စပိန်မြေမှာပဲ အခြေချနေထိုင်ပါတော့မယ်။ ဂီတာဖေးနဲ့ လိုင်ယွန်တို့အကြား သဘောတူညီချက်အရ လာလီဂါကလပ်အသင်းက ဆာထရီယာနိုကို အပြီးသတ်ခေါ်ယူလိုက်ပြီး ရာသီလက်ကျန်ပွဲစဉ်တွေအပြင် နောက်ထပ်လေးရာသီကြာအောင် ကိုလီစီယမ်ကွင်းမှာ ဆက်ရှိနေပါလိမ့်မယ်။

ဆာထရီယာနိုက အသင်းရဲ့ ကစားဟန်၊ မူဝါဒတွေနဲ့ လုံးဝကိုက်ညီတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြဖို့ ၁၀ ပွဲပဲ ကစားခဲ့ရသလို ဂီတာဖေးဘက်မှာလည်း သူ့ကို အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ထိုက်တန်တယ်ဆိုပြီး ချက်ချင်းပဲ ဆုံးဖြတ်ခဲ့ပါတယ်။

အန်ဂျယ်တောရက်စ် ဦးဆောင်တဲ့ ဂီတာဖေးအသင်းက မတ် ၃၀ ရက်၊ တနင်္လာနေ့မှာ ဆာထရီယာနိုကို ၂၀၃၀ ပြည့်နှစ်၊ ဇွန် ၃၀ ရက်အထိ သက်တမ်းရှိမယ့် စာချုပ်နဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီလို့ တရားဝင်ကြေညာခဲ့ပါတယ်။

ဂီတာဖေးဆီရောက်ရှိလာပြီးနောက်ပိုင်း ဆာထရီယာနိုက သုံးဂိုးသွင်းယူပေးထားပါတယ်။ အီတလီနိုင်ငံကူးလက်မှတ်လည်း ကိုင်ဆောင်ထားတဲ့ ဒီဥရုဂွေးတိုက်စစ်မှူးကို အခုချုပ်ဆိုလိုက်တဲ့ စာချုပ်သက်တမ်းအတွင်း အသင်းအတွက် ဂိုးတွေအများကြီး ဆက်လက်သွင်းယူပေးနိုင်လိမ့်မယ်လို့ ဂီတာဖေးဘက်က မျှော်လင့်နေပါတယ်။