The network connection is lost.

Banner Image

၀ုဗ်ကို ဂိုးပြတ်အနိုင်ရခဲ့ပေမဲ့ မန်စီးတီး ကစားသမားအင်အားပေါ် စိုးရိမ်မှုရှိနေတဲ့ ဂွါဒီယိုလာ

မန်စီးတီးအသင်းဟာ ဝုဗ်ကို ၄-၀ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမဲ့ နည်းပြချုပ် ပက်ဂွါဒီယိုလာကတော့ အသင်းရဲ့ကစားသမားအင်အားနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့ ဝန်ခံခဲ့ပါတယ်။ 

ကစားသမားတွေများပြားနေတာကြောင့် အသင်းကို စည်းလုံးညီညွတ်အောင် ထိန်းသိမ်းဖို့ ခက်ခဲနေတယ်လို့လည်း သူကပြောပါတယ်။ မန်စီးတီးအသင်းမှာ လက်ရှိကစားသမား ၃၀ နီးပါးရှိနေပြီး စက်တင်ဘာလအပြောင်းအရွှေ့မပိတ်ခင်မှာ ကစားသမား ၆ ယောက်လောက်အထိ အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။ 

ဝုဗ်နဲ့ပွဲမှာ အာလင်းဟာလန်းက နှစ်ဂိုးသွင်းယူပြီး အနိုင်ရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမဲ့ ဂွါဒီယိုလာကတော့ ကစားသမားအင်အားများပြားမှုကြောင့် အသင်းရဲ့စည်းလုံးညီညွတ်မှုကိုထိန်းသိမ်းဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

ဂွါဒီယိုလာက"ကျွန်တော်တို့မှာ ကစားသမားတွေ အရမ်းများနေပါတယ်။ ဒီနေ့ပွဲမှာ အီဒါဆွန် မပါဝင်ခဲ့ဘူး။ ရိုဒရီ၊ ဖီးလ်ဖိုဒန်၊ ကိုဗာဆစ်၊ ဆာဗင်ဟိုနဲ့ ဂျီဗာဒီအောတို့လည်း ပါဝင်ခွင့်မရခဲ့ဘူး။ လူစားလဲကစားသမားခုံမှာလည်း အကီနဲ့ ဂမ်ဒိုဂန်တို့ပဲရှိတယ်။ ပြိုင်ပွဲအားလုံးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် လူအင်အားများတာကို ကျွန်တော်ကြိုက်ပါတယ်။ ဒါပေမဲ့ ကစားသမားတွေကို အိမ်မှာပဲ ထားခဲ့ရတာမျိုးကိုတော့ မလိုလားဘူး။ ဒါကမကောင်းဘူး။ အသင်းတွင်းမှာ ကောင်းမွန်တဲ့ဆက်ဆံရေးနဲ့ ကစားလိုစိတ်တွေဖြစ်ပေါ်လာဖို့ ခက်ခဲတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဝုဗ်နဲ့ပွဲမှာ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ဂိုးသမား အီဒါဆန်ကို တူရကီကလပ် ဂါလာတာစာရေးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘရာဇီးတောင်ပံကစားသမား ဆာဗင်ဟိုကိုတော့ တော့တင်ဟမ်ဟော့က ပစ်မှတ်ထားနေပါတယ်။ 

ဆက်လက်ပြီး ဂွါဒီယိုလာက "လာမယ့် ၂ ပတ်အတွင်းမှာ ကစားသမားတွေနဲ့ သူတို့ရဲ့အေးဂျင့်တွေနဲ့ စကားပြောပြီး အဖြေရှာသွားမှာပါ" လို့ ပြောကြားခဲ့ပါတယ်။