The network connection is lost.

Banner Image

ဟာဗက်ဇ်နေရာမှာ အစားထိုးရမယ့်ကစားသမားနာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ပေါလ်မာဆင်

အာဆင်နယ်ဂန္ထဝင်ဟောင်း ပေါလ်မာဆင်က အာတီတာအနေနဲ့ ဟာဗက်ဇ်နေရာမှာ false nine အဖြစ် စတာလင်ကို ထားကစားရမယ်လို့ အကြံပြုလိုက်ပြီး မာရီနိုကို ထားမကစားဖို့ အကြံပြုလိုက်ပါတယ်။ အာဆင်နယ်အတွက်တော့ ဟာဗက်ဇ်တစ်ယောက် ဒူဘိုင်းလေ့ကျင့်ခန်းအစီအစဉ်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာကြောင့် သတင်းဆိုးတစ်ရပ်ဖြစ်လာခဲ့ပါတယ်။

ဂျီးဆပ်စ် နဲ့ ဆာကာဒဏ်ရာရရှိနေတဲ့အနေအထားမှာ ဟာဗက်ဇ်ပါ ဒဏ်ရာထပ်ရခဲ့တာကြောင့် အာဆင်နယ်တိုက်စစ်အတွက် အားထားရမယ့်သူမရှိဖြစ်လာခဲ့ပြီး အာတီတာကတော့ စိတ်ပျက်မိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အဆိုပါအခြေအနေကြောင့် စတာလင်ကို တိုက်စစ်နေရာမှာ ထားကစားလာနိုင်ချေရှိနေပါတယ်။ သတင်းတွေအရ အာတီတာဟာ မာရီနိုကို false nine အဖြစ် ထားကစားလာနိုင်တယ်လို့ ဆိုနေကြပါတယ်။

ဟာဗက်ဇ်နေရာမှာ အစားထိုးမယ့်ကစားသမားနဲ့ပတ်သက်ပြီး မာဆင်က “ကျွန်တော်ကတော့ စတာလင်ကို ပိုသဘောကျမိပါတယ်။ စတာလင်က ပွဲတော်တော်များများမှာ အဲ့နေရာကစားဖူးပါတယ်။ ကျွန်တော် ဘာလို့သူ့ကိုထောက်ခံတာလဲဆိုတော့ သူ့ရဲ့ရွှေ့လျားမှုတွေကြောင့်ပါ။ သူက အသင်းအတွက် နေရာလွတ်တွေရှာဖွေပေးနိုင်ပါတယ်။ ပြိုင်ဘက်ကို အလုပ်များစေနိုင်ပါတယ်။ ပွဲစစချင်းမှာ အသင်းကိုအကျိုးပြုနိုင်ပါတယ်။

စတာလင် ၊ အိုဒီဂတ်တို့အတွဲဆိုရင် အာဆင်နယ်က အဆင်ပြေနိုင်သလို တောင်ပံမှာ နွမ်နီရီ နဲ့ ထရိုဆက်တို့ ထားကစားနိုင်ပါတယ်။ အဲ့တာဆိုရင် အာဆင်နယ်က အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အခြားသူထားကစားမယ်ဆိုရင် ဟာဗက်ဇ်မဟုတ်တာကြောင့် အဆင်ပြေနိုင်မယ်မထင်ပါဘူး။ ကျွန်တော့်အတွက်တော့ စတာလင် ၊ ထရိုဆက် ၊ နွမ်နီရီတို့အတွဲက အဆင်ပြေပါတယ်။

မန်စီးတီးတစ်သင်းတည်းသာ false nine ကစားခဲ့တာပါ။ လူတိုင်းက သူတို့ကို အတုခိုးကြပါတယ်။ ဂွါဒီယိုလာလုပ်ဆောင်ခဲ့တာတွေကို တစ်နှစ်လောက် လူတိုင်းမြင်ခဲ့ရပါတယ်။ ဘာတွေဖြစ်သွားလဲဆိုတာကို ကျွန်တော် မယုံကြည်နိုင်စရာဖြစ်ခဲ့ပါတယ်။ တကယ်မယုံကြည်နိုင်စရာပါ။ အချိန်က စကားပြောသွားပါလိမ့်မယ်။ တကယ်လို့ လီဗာပူးအနေနဲ့ အဲဗာတန်ကိုအနိုင်ရပြီး အာဆင်နယ်ကို ၉ မှတ်ဖြတ်ထားမယ်ဆိုရင် အာဆင်နယ်လိုက်မီနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

ဒါပေမယ့် အခုတော့ ၇ မှတ်သာဖြတ်ထားနိုင်ပါတယ်။ အဲ့တာက မတူညီတာတွေဖြစ်လာနိုင်ပါတယ်။ ဒီ ၂ မှတ်က ခြားနားမှုတွေဖြစ်လာနိုင်ပါတယ်။ အချိန်က စကားပြောပါလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ အခုဆို တိုက်စစ်မှာ ထရိုဆက် ၊ နွမ်နီရီ နဲ့ စတာလင်တို့ရှိနေပါတယ်။ ကျွန်တော့်အမြင်အရ သူတို့နဲ့အဆင်ပြေပါတယ်။ နွမ်နီရီဆိုရင်လည်း ပွဲထွက်ခွင့်ကန့်သတ်ချက်ရှိနေတာပါ။

အခုတော့ ဟာဗက်ဇ်ဒဏ်ရာကြောင့် သူ ၆ ပွဲ ဒါမှမဟုတ် ၇ ပွဲလောက် ပါဝင်နိုင်တော့မှာပါ။ အဲ့ထက်လည်း ပိုများနိုင်ချေရှိပါတယ်။ သူတည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်မလားဆိုတာ ဘယ်သူမှမသိပါဘူး။ သူ့အတွက်တော့ လုံးဝမယုံကြည်နိုင်စရာကောင်းတဲ့ အခွင့်အရေးရလာခဲ့တာပါ”လို့ မာဆင်က ပြောကြားခဲ့ပါတယ်။