The network connection is lost.

Banner Image

ဖိုင်နယ်တစ်ပွဲပဲကျန်တော့တယ်လို့ ဆိုလိုက်တဲ့ ပက်ဂွါဒီယိုလာ

လာမယ့်တနင်္ဂနွေနေ့၊ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီပိတ်ပွဲစဉ်မှာ  ဘာတွေလုပ်သွားဖို့လိုအပ်မလဲဆိုတာကို မန်စီးတီးအသင်း ကောင်းကောင်းသိရှိနေပြီလို့ ပက်ဂွါဒီယိုလာက ပြောပါတယ်။ ပက်ဂွါဒီယိုလာရဲ့အသင်းက ဒီနေ့မနက်ပိုင်း၊ အီတီဟတ်ကွင်းမှာ ဘုန်းမောက်ကို အိုမာမာမွတ်ရှ်၊ ဘာနာဒိုဆေးလ်ဗား၊ နီကိုဂွန်ဇာလက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့ သက်သောင့်သက်သာအနိုင်ယူခဲ့ပါတယ်။

ဒီပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးဇယားတတိယနေရာအထိ ရောက်ရှိလာပေမယ့် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်သေချာပေါက်ရရှိဖို့ ရာသီပိတ်ပွဲစဉ်မှာ အနည်းဆုံးသရေတစ်မှတ်တော့ လိုအပ်နေဆဲပဲ ဖြစ်ပါတယ်။

မန်စီးတီးက အမှတ်ပေးဇယားအဆင့်-၁၀ နေရာရှိ မာကိုဆေးလ်ဗားရဲ့အသင်းနဲ့ အခုသီတင်းပတ်ကုန်၊ ကရာဗန်ကော့တေ့ချ်ကွင်းမှာ ယှဉ်ပြိုင်ကစားရပါမယ်။ ပက်ဂွါဒီယိုလာက “ ရာသီပိတ်ပွဲစဉ်မှာ ကျွန်တော်တို့တွေ ရလဒ်ကောင်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့အတွက် လန်ဒန်မှာ ဖိုင်နယ်ပွဲစဉ်တစ်ခု ရှိနေပါပြီ။ ကျွန်တော်တို့လိုအပ်နေတဲ့ ရမှတ်ကို ရယူဖို့ဆိုတာ အတော်လေးခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါကလည်း တကယ့်ကို အရေးကြီးနေပါတယ်။ အခုဘောလုံးရာသီမှာ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိမယ်ဆိုရင် ကျေနပ်စရာကောင်းပါတယ်”လို့ ပြောပါတယ်။