The network connection is lost.

Banner Image

ဇန်နဝါရီစျေးကွက် အဓိကပစ်မှတ်အဖြစ် ဖူလ်ဟမ်ကြယ်ပွင့်ကို ပစ်မှတ်ထားနေတဲ့ ယူနိုက်တက်နည်းပြသစ် ပိုချက်တီနို

မန်ချက်စတာယူနိုက်တက်နည်းပြသစ်ပိုချက်တီနိုက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ် အများအပြားကို ခေါ်ယူဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။

မန်ချက်စတာမှာ မိုက်ကယ်ကာရစ်ရဲ့နေရာကို အစားထိုးဖို့ သဘောတူညီမှုရရှိပြီးနောက် အာဂျင်တီးနားလူမျိုးနည်းပြက လာမယ့်ရက်ပိုင်းအတွင်း အိုးလ်ထရက်ဖို့ဒ်ရဲ့တာဝန်ကို စတင်ထမ်းဆောင်ပါတော့မယ်။

ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ ကလပ်အသင်းဘက်က သူ့ကို ငွေကြေးထောက်ပံ့ပေးသွားဖို့ရှိသလို သူကိုယ်တိုင်လည်း ခေါ်ယူမယ့် ပစ်မှတ်ကစားသမား အများအပြားကို ကြိုတင်လျာထားပြီးပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Sky Sports ရဲ့ဖော်ပြချက်အရ ကရာဗန်ကော့တေ့ချ်ကွင်းမှာ ရာသီအနည်းငယ်ကြာ အထင်ကြီးလောက်စရာ ခြေစွမ်းပြသထားနိုင်တဲ့ ဖူလ်ဟမ်နောက်ခံလူဘက်ဆေးကို ပိုချက်တီနိုရဲ့ပစ်မှတ်စာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ဘက်ဆေးရဲ့လက်ရှိစာချုပ်က လာမယ့်နွေရာသီမှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးနိုင်မယ့် သဘောတူညီမှုအခွင့်အလမ်းလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ရမယ့်ခရီးမှာ စိန်ခေါ်မှုအသစ်တစ်ခုကို ရင်ဆိုင်ဖို့ ကစားသမားကိုယ်တိုင် လမ်းဖွင့်ထားနိုင်ပါတယ်။

တကယ်လို့ ဘက်ဆေးသာ စာချုပ်သစ်ကို လက်မခံဘူးဆိုရင် ဖူလ်ဟမ်ဘက်က ပေါင်သန်း ၄၀ ဝန်းကျင်ရှိ ကမ်းလှမ်းမှုမျိုးကို စဉ်းစားပေးသွားနိုင်ပါတယ်။