The network connection is lost.

Banner Image

အင်္ဂလန်မှာ အာဆင်နယ်ရဲ့ပစ်မှတ်ကစားသမားနဲ့ ယှဉ်ပြိုင်ဖို့ အသင့်ရှိနေတယ်လို့ ဒီကလန်ရိုက်စ် ဖွင့်ဟ

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ပွဲထွက်ခွင့်နေရာအတွက် ဘုန်းမောက်ကစားသမား အဲလက်စကော့နဲ့ ပိုမိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ရင်ဆိုင်ဖို့ အာဆင်နယ်ကြယ်ပွင့်ဒီကလန်ရိုက်စ် အသင့်ဖြစ်နေပါတယ်။

သောမတ်စ်တူချယ်ရဲ့ လက်ရှိအင်္ဂလန်လေ့ကျင့်ရေးစခန်းမှာ ဒဏ်ရာကြောင့် စကော့မပါဝင်နိုင်ပေမဲ့ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖွယ်ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းနဲ့အတူ သူ့ရဲ့တန်ဖိုး ဆက်လက်မြင့်တက်နေပါတယ်။

နွေရာသီကာလအတွင်း ချဲလ်ဆီးရဲ့ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတယ်လို့ သတင်းထွက်ခဲ့သလို အသက် ၂၃ နှစ်အရွယ်ကစားသမားအတွက် ဘုန်းမောက်က ပေါင် သန်း ၁၀၀ အထိ တောင်းဆိုနိုင်ခြေ ရှိနေပေမဲ့ ဒီကလန်ရိုက်စ်ရဲ့အာဆင်နယ်လည်း ၂၀၂၇ ခုနှစ်မှာ ကမ်းလှမ်းဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲ ပါဝင်နေပါတယ်။

ကလပ်နဲ့ နိုင်ငံအသင်းနှစ်ခုလုံးမှာ စကော့နဲ့ အပြိုင်ယှဉ်ပြိုင်ရနိုင်ခြေနဲ့ပတ်သက်လို့ ဒီကလန်ရိုက်စ်က ဘရစ္စတိုးစီးတီးကစားသမားဟောင်းအတွက် ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုဆီတက်လှမ်းဖို့ အသင့်ဖြစ်နေပြီဆိုတဲ့သဘောမျိုး အရိပ်အမြွက် ပြောဆိုခဲ့ပါတယ်။

ရိုက်စ်က "ရိုးရိုးသားသားပြောရရင် စကော့ရဲ့ကစားပုံက တကယ်ကို မယုံနိုင်စရာ ကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်ရာသီ၊ သုံးရာသီအတွင်း ဘုန်းမောက်အတွက် သူကစားပြခဲ့တဲ့ပုံစံက အထင်ကြီးစရာ ကောင်းလွန်းပါတယ်"

"သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေကြောင့် သူ့အကြောင်း အခုလို ပြောဆိုနေကြတယ်ဆိုတာ လုံးဝ မှန်ကန်သလို အင်္ဂလန်အတွက် ကစားရတယ်ဆိုတာ ပြိုင်ဆိုင်မှုတွေနဲ့အတူ လာတတ်တယ်ဆိုတာလည်း ကျွန်တော် အပြည့်အဝ နားလည်ထားပါတယ်" လို့ ပြောပါတယ်။

"အာဆင်နယ်က ဘရူနိုဂူမာယေးစ်ကို ခေါ်ယူချိန်၊ ဇူဘီမန်ဒီကို ခေါ်ယူချိန်နဲ့ ကျွန်တော်တို့ဆီမှာ လီဝစ်စကယ်လီ၊ မီရီနို၊ အိုဒီဂတ်တို့ ရှိနေချိန်တွေမှာ ကိုယ့်ရဲ့ကလပ်အသင်းမှာတင် နေ့တိုင်း ကွင်းလယ်လူခြောက်ဦးလောက်နဲ့ ယှဉ်ပြိုင်နေရလို့ ဘာမှ မထူးခြားလှပါဘူး"

"ကျွန်တော့်ရဲ့ကစားသမားဘဝတစ်လျှောက်လုံး ပြိုင်ဆိုင်မှုတွေ အမြဲ ရှိနေခဲ့တာပါ။ ဒါ သာမန်ပါပဲ" လို့ ဆိုပါတယ်။