တော့တင်ဟမ်ဆီ အငှားမထွက်မီ အလွန်ဆိုနဲ့ပြောဆိုခဲ့တဲ့ စကားတွေကို မူဒရစ်ခ် ဖွင့်ဟ
တော့တင်ဟမ်ဆီ မပြောင်းရွှေ့မီ အလွန်ဆိုနဲ့ အပြန်အလှန်ပြောဆိုခဲ့တဲ့ စကားတွေကို လက်ရှိအငှားထွက်ကစားနေတဲ့ ချဲလ်ဆီးတောင်ပံကစားသမား မူဒရစ်ခ်က ဖွင့်ဟပြောကြားလိုက်ပါတယ်။
ပိတ်ပင်ထားတဲ့ မယ်လ်ဒိုနီယမ်ဆေးဝါး သုံးစွဲထားမှု စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အသက် ၂၅ နှစ်အရွယ် ကစားသမားက ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လအထိ ပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်လိုက်ရပါတယ်။
အဲဒီနောက်ပိုင်း မူဒရစ်ခ်က ကွင်းတွင်း ပြန်လည်ရောက်ရှိလာခဲ့ပြီး လက်ကျန်ရာသီအတွက် နည်းပြဟောင်းရောဘတ်တိုဒီဇာဘီ ကိုင်တွယ်နေတဲ့ တော့တင်ဟမ်ဆီ အငှားစာချုပ်ဖြင့် သွားရောက်ပူးပေါင်းခဲ့ပါတယ်။
သူက ပွဲချိန် ၁၆ မိနစ်သာ ကစားထားရပြီး လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိသွားခဲ့လို့ စက်တင်ဘာလအစောပိုင်းကတည်းက ပွဲစဉ်တွေနဲ့ ဝေးကွာနေခဲ့ပါတယ်။
Guest of Gordon Podcast မှာ တောင်ပံကစားသမားက တော့တင်ဟမ်ဆီ မပြောင်းရွှေ့မီ အလွန်ဆိုနဲ့ စကားပြောဖြစ်ခဲ့ပုံကို အခုလိုပဲ ဖွင့်ဟခဲ့ပါတယ်။
မူဒရစ်ခ်က "ကျွန်တော့်ရဲ့မျက်နှာကို တည့်တည့်ကြည့်ပြီး 'မင်း သွားကစားပြီး ပွဲကစားချိန်မိနစ်တွေ ရယူတာ ပိုကောင်းလိမ့်မယ်။ ပြီးမှ ပြန်လာခဲ့၊ ငါ မင်းကို အားကိုးပါတယ်' လို့ အလွန်ဆိုကိုယ်တိုင် ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။