The network connection is lost.

Banner Image

ကိုဗင်ထရီနဲ့ပွဲစဉ်မှာ နယူးကာဆယ်အတွက် အခုထက်ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့ ထိုက်တန်ခဲ့တယ်လို့ နီကိုဂွန်ဇာလက်ဇ်ပြောကြား

ကိုဗင်ထရီကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ တနင်္လာနေ့ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ပတ်သက်လို့ နယူးကာဆယ်ကွင်းလယ်ကစားသမားက နီကိုဂွန်ဇာလက်ဇ်က စိုးရိမ်ပူပန်မှုမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

မာသီးယက်စ်ဂျေဆဲလ်ရဲ့အသင်းက ကိုဗင်ထရီနဲ့အဝေးကွင်းပွဲစဉ်မှာ ရူဒိုနီ၊ ချာရစ်ဖ်၊ အဲလစ်ဆင်းမ်နဲ့ အမ်ဖူနီတို့ရဲ့သွင်းဂိုးတွေကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာ ဘော့မန်းက တစ်ဂိုးသွင်းယူကာ ရလဒ်ကို ၂-၁ ဂိုးအထိ ဖြစ်လာအောင် စွမ်းဆောင်ခဲ့ပေမဲ့ နယူးကာဆယ်က ဒီအရှိန်အဟုန်ကို အခွင့်ကောင်း မယူနိုင်ခဲ့ပါဘူး။

ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် နယူးကာဆယ်ကွင်းလယ်လူနီကိုဂွန်ဇာလက်ဇ်က အခုပွဲစဉ်ရဲ့ရလဒ်ပိုင်း အများကြီးကွဲပြားခြားနားသွားနိုင်ခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

သူက "ကျွန်တော်တို့ဆီမှာ သရေကျနိုင်မယ့် ရှင်းလင်းတဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ကဏ္ဍအတော်များများမှာ တိုးတက်လာခဲ့ပေမဲ့ ကြိုးစားလုပ်ဆောင်ရဦးမယ့် အရာတွေလည်း ရှိနေဆဲပါပဲ" လို့ ပြောပါတယ်။

"ဒီလိဂ်မှာ နောက်ဆုံးမိနစ်တွေအထိ  ဂိုးတွေ အမြဲသွင်းယူခံရလေ့ရှိတယ်ဆိုတာ ပုံမှန်ပဲလို့ ထင်ပါတယ်။ အားလုံးက ရှေ့တက်တိုက်စစ်ဆင်ကြတာကြောင့် အစောပိုင်းမိနစ်တွေလိုမျိုး ခံစစ်ကို ကောင်းကောင်းဆက်ထိန်းထားနိုင်ဖို့ ခက်ခဲပါတယ်"

"ရလဒ်ကတော့ ကွင်းတွင်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ မကိုက်ညီပါဘူး။ ၂-၁ ဂိုးဖြစ်သွားချိန် သရေပြန်ကျသွားတဲ့ ပွဲစဉ်ပေါင်းများစွာကို ကျွန်တော် မြင်တွေ့ဖူးပါတယ်"

"ကျွန်တော့်စိတ်ထဲမှာ ဘာစိုးရိမ်ပူပန်မှုမှ မရှိပါဘူး။ ကျွန်တော်တို့ဘက်က မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ခဲ့တာတွေ အများကြီး ရှိပါတယ်။ ဘာတွေကို တိုးတက်အောင် လုပ်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိထားပါတယ်။ ပိုကောင်းအောင် လုပ်ရမယ့် အရာတွေကို သိထားတာကြောင့် ဒါကို ပြင်ဆင်လုပ်ဆောင်ဖို့ လွယ်ကူပါတယ်။ အဲဒီအချက်တွေကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်နိုင်မယ်ဆိုတာ သေချာပါတယ်" လို့ ဆိုပါတယ်။