The network connection is lost.

Banner Image

ခြေကျင်းဝတ်ဒဏ်ရာကြောင့် မေဂျာလိဂ်ပွဲအားလုံးကို မက်ဆီ လွဲချော်နိုင်

အာဂျင်တီးနားအသင်းအတွက် ကိုပါအမေရိကဖိုင်နယ်ပွဲပါဝင်ကစားပေးရင်း မက်ဆီတစ်ယောက် ပြင်းထန်တဲ့ခြေကျင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။

မက်ဆီဟာ ဒဏ်ရာပြဿနာရှိနေပေမယ့်လည်း ကိုလံဘီယာနဲ့ပွဲမှာ ပါဝင်ခဲ့ပေမယ့် ထပ်မံဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး မျက်ရည်တွေနဲ့အတူ ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ကိုပါအမေရိကဖိုင်နယ်မှာ အာဂျင်တီးနားအသင်းက ကိုလံဘီယာကို ၁-၀ နဲ့အနိုင်ရပြီး ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပေမယ့် မက်ဆီရဲ့ညာဘက်ခြေထောက်အခြေအနေက စိုးရိမ်ရတာဖြစ်ပါတယ်။

အာဂျင်တိုင်းသားကတော့ မကြာခင်မှာ ပြန်လာမယ်လို့ ပြောကြားခဲ့ပေမယ့် ဘယ်အချိန်ပြန်လာမလဲဆိုတာ မသိရသေးတာဖြစ်ပါတယ်။ USA Today ကတော့ မက်ဆီတစ်ယောက် လာမယ့်မေဂျာလိဂ်ပွဲတွေမှာ ပါဝင်လာနိုင်ချေနဲ့ပတ်သက်ပြီး “ဆောရီး ကော်မရှင်နာ ဒွန်ဂါဘာရေ မက်ဆီတစ်ယောက် ပွဲကိုလွဲချော်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီရဲ့အခြေအနေက ဆိုးဝါးတာကြောင့် လာမယ်ပွဲစဉ်တွေအတွက် မသေချာသေးတာဖြစ်ပါတယ်။ သတင်းတွေအရ မက်ဆီအနေနဲ့ မိုင်ယာမီမှာ ပြန်လည်အနားယူပြီး အလျင်စလိုပါဝင်နိုင်ချေမရှိဘူးလို့ သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ အဆင့် ၂ နေရာမှာရပ်တည်နေပြီး အခြားအသင်း ၉ သင်းက play-offs ကန်ရမှာဖြစ်ကာ မေဂျာလိဂ်ဖလားမယူနိုင်ခင် မက်ဆီတစ်ယောက် ပြန်လာနိုင်ဖို့ မျှော်လင့်ရတာဖြစ်ပါတယ်။