The network connection is lost.

Banner Image

ဒဏ်ရာအခြေအနေအကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတား

ယူနိုက်တက်စတား ကန်ဟာတစ်ယောက် ဘန်လေနဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့ပြီးနောက် ဘရာဇီးအသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။ ဘရာဇီးသာဟာ ဒီရာသီယူနိုက်တက်အတွက် ၄ ပွဲစလုံးပါဝင်ကစားထားခဲ့တာဖြစ်ပြီး ဘန်လေနဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အာမိုရင်ဟာ ပထမပိုင်းအပြီးမှာ ကန်ဟာနေရာကို အစားထိုးခဲ့တာဖြစ်ပြီး အခုဘရာဇီးလူစာရင်းကနေပါ နုတ်ထွက်ခဲ့ရတာဖြစ်ပါတယ်။

ကန်ဟာအနေနဲ့ ဒဏ်ရာကြောင့် ၂ ပတ်လောက်အနားယူရဖွယ်ရှိနေပါတယ်။ သတင်းတွေကတော့ ကန်ဟာတစ်ယောက် ကာလရှည်နားရနိုင်တယ်လို့ ယူဆနေကြပေမယ့် အခုချိန်မှာ ကစားသမားကိုယ်တိုင်က လူမှုမီဒီယာမှာ တင်ခဲ့တာဖြစ်ပါတယ်။ “ဘယ်လောက်တောင်ကောင်းတဲ့ ပတ်ဝန်းကျင်လဲဗျာ။ ဒီမှာရှိရတာ တကယ်ကောင်းပါတယ်။ ကျွန်တော်မကြာခင်မှာ ပြန်လာပါမယ်။ ပျော်ရွှင်မှု ၊ ကျေးဇူးတင်ခြင်းနဲ့အတူ ပြန်လာပါမယ်။ မက်ဆေ့ချ်တွေအတွက် ကျေးဇူးတင်ပါတယ်”လို့ ကန်ဟာက တင်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ နိုင်ငံတကာရက်သတ္တပတ်အပြီးမှာ မန်ချက်စတာဒါဘီပွဲအဖြစ် မန်စီးတီးအသင်းနဲ့ကစားရမှာဖြစ်ပြီး ကန်ဟာတစ်ယောက် ဒဏ်ရာကနေ အလျင်အမြန်သက်သာလာဖို့ မျှော်လင့်နေပါတယ်။