The network connection is lost.

Banner Image

လာလီဂါမြေကိုပြန်ဖို့အိပ်မက်ရှိနေဆဲဖြစ်တဲ့ ပီအက်စ်ဂျီနည်းပြ

ပီအက်စ်ဂျီနည်းပြ အင်းနရစ်တစ်ယောက် ပြင်သစ်မြေမှာ ပျော်နေပေမယ့်လည်း ဘာစီလိုနာကို ပြန်ချင်နေဆဲလို့ သိရပါတယ်။ စပိန်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပီအက်စ်ဂျီအသင်းနဲ့အတူ ပထမဆုံးချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စာချုပ်သက်တမ်းက ၂ နှစ်ကျန်နေဆဲဖြစ်ပေမယ့် အင်းနရစ်က ဘာစီလိုနာကိုတစ်နေ့မှာ ပြန်ချင်နေဆဲဖြစ်ပါတယ်။ ၂၀၁၄ ကနေ ၂၀၁၇ အထိ အင်းနရစ်တစ်ယောက် ဘာစီလိုနာမှာ ၃ နှစ်တာဖြတ်သန်းခဲ့ပြီး ပထမဆုံးရာသီမှာ ဖလား ၃ လုံးချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

၂၀၂၇ အထိ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းရှိနေပေမယ့် အင်းနရစ်အနေနဲ့ ဘာစီလိုနာကိုပြန်ချင်နေဆဲလို့ စပေါ့တ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ၂၀၂၃ ပီအက်စ်ဂျီကို စတင်ကိုင်တွယ်ကတည်းက ပီအက်စ်ဂျီအသင်းကိုအောင်မြင်မှုတွေရယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက  ပထမဆုံးချန်ပီယံလိဂ်ဖလားကိုရယူပေးနိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီမှာ အထိုင်ကျနေပေမယ့် ဘာစီလိုနာမှာရှိခဲ့တဲ့ဘဝကို လွမ်းဆွတ်နေဆဲဖြစ်ပါတယယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ စာချုပ်သက်တမ်းကိုလေးစားတာကြောင့် အသင်းအတွက် အာရုံစိုက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဘက်ကလည်း အင်းနရစ်ပြန်လာမယ်ဆိုရင် လမ်းဖွင့်ထားဆဲဖြစ်ကာ လက်ရှိနည်းပြ ဖလစ်ရဲ့စာချုပ်သက်တမ်းက ၂၀၂၇ မတိုင်ခင်အထိ ရှိနေပါတယ်။ ဘာစီလိုနာဟာ မကြာခင်မှာ ပီအက်စ်ဂျီနဲ့ချန်ပီယံလိဂ်ပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပြီး အင်းနရစ်တစ်ယောက် အောင်မြင်မှုမှတ်တိုင်စိုက်ထူနိုင်ခဲ့တဲ့အသင်းဟောင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။