The network connection is lost.

Banner Image

အရည်အချင်းအရှိဆုံးအသင်းဖော်နာမည်ကို ထုတ်ဖော်ပြောကြားလာတဲ့ ဘယ်လင်ဟမ်

ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်က တောင်ပံကစားသမား ရိုဒရီဂိုဟာ အရည်အချင်းအရှိဆုံးကစားသမားဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ရီးရဲလ်အသင်းမှာ နာမည်ကျော်တွေကြောင့် လောင်းရိပ်မိနေခဲ့တာဖြစ်ပါတယ်။ နိုင်ငံအသင်းဖော် ဗင်နီက ဘော်လွန်းဒီအော်ဆုရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ဘယ်လင်ဟမ်ကတော့ ရိုဒရီဂိုကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

မန်စီးတီးကိုအနိုင်ရခဲ့တဲ့ပွဲမှာလည်း ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် သတင်းခေါင်းကြီးပိုင်းတွေမှာ နေရာယူနေတာဖြစ်ပါတယ်။ “ရိုဒရီဂိုက တကယ့်ကိုအရည်အချင်းရှိတဲ့ကစားသမားမျိုးဗျ။ ကျွန်တော့်အတွက်တော့ သူက အသင်းအတွက် ဘုရားပေးတဲ့လက်ဆောင်ပါ။ ဘောလုံးနဲ့အတူ သူလုပ်နိုင်ပြနေတဲ့အရာတွေက မယုံကြည်နိုင်စရာပါ။

တစ်ခါတလေ သူဘယ်လိုတောင်လုပ်နိုင်တာလဲတွေးမိပါတယ်။ နောက်တစ်ခုကတော့ အများအတွက် သူအနစ်နာခံတာပါ။ ဘယ်ခြမ်းမှာ ရှင်းလင်းတဲ့အနေအထားဖြစ်ပေမယ့် သူက အသင်းကို ဦးစားပေးပါတယ်။ ခံစစ်မှာလည်း အတူတူဖြစ်သလို ညာခြမ်းမှာကစားလည်း အတူတူပါပဲ”လို့ ဘယ်လင်ဟမ်က ဖြေကြားခဲ့ပါတယ်။

ဘာပေတစ်ယောက် ဘယ်ခြမ်းမှာကစားဖို့ အားသန်ခဲ့ပေမယ့် ဗင်နီရှိနေတာကြောင့် တိုက်စစ်မှာသာ ကစားနေရပြီး အခုချိန်မှာတော့ အထိုင်ကျလာခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေဆက်တိုက်ပြသနေပါတယ်။