The network connection is lost.

Banner Image

ဘာစီလိုနာလူငယ်စတားဟာ ဉာဏ်ကြီးရှင်လို့ ထုတ်ဖော်ပြောကြားလာတဲ့ လာပေါ်တာ

ဘာစီလိုနာဥက္ကဌ လာပေါ်တာက လူငယ်တောင်ပံကစားသမား ယာမဲလ်ဟာ ဉာဏ်ကြီးရှင်တစ်ဦးဖြစ်တယ်လို့ ပြောကြားလိုက်ပြီး မက်ဆီ နဲ့ ဆင်တူတယ်လို့ ပြောကြားလိုက်ပါတယ်။ ယာမဲလ်ဟာ မက်ဆီလိုမျိုး လာမာစီယာအကယ်ဒမီကနေထွက်ပေါ်လာခဲ့တာဖြစ်ပြီး အာဂျင်တိုင်းသားခြေရာကို လိုက်နင်းနေတာဖြစ်ပါတယ်။ ၂ ဦးစလုံးက ဘယ်ခြေအားသန်ကစားတွေဖြစ်သလို ပြိုင်ဘက်ကို ကျော်ဖြတ်ရာမှာလည်း တူညီနေတာဖြစ်ပါတယ်။ 

အသက် ၁၅ နှစ်အရွယ်မှာတင် ယာမဲလ်ဟာ သမိုင်းမှတ်တိုင်တွေစိုက်ထူနေပြီး အသက် ၁၈ နှစ်မှာ မြင့်မားတဲ့စာချုပ်အပြင် မက်ဆီရဲ့ကျောနံပတ် ၁၀ ကိုပါ ဆက်ခံခွင့်ရမှာဖြစ်ပါတယ်။
ဘာစီလိုနာဘက်ကတော့ ယာမဲလ်ကို ဖိအားတွေမများစေဖို့ ပြင်ဆင်နေပြီး လာပေါ်တာက ဘယ်သူမှလက်ရှိမှာ မက်ဆီကို လိုက်မီနိုင်ခြင်းမရှိသေးလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“လာမိုင်းက လာမိုင်း ၊ မက်ဆီက မက်ဆီပါ။ မက်ဆီက ကမ္ဘာ့အကောင်းဆုံးကစားသမားပါ။ ဒီနေ့ခေတ်မှာတော့ ယာမဲလ်က အကောင်းဆုံးပါ။ ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်။ ယာမဲလ်မှာက ကိုယ်ရည်ကိုယ်သွေးတွေအများကြီးရှိနေပါတယ်။ မက်ဆီနဲ့ဆင်တူပါတယ်။ မက်ဆီလည်း သူ့အချိန်တုန်းက ယာမဲလ်လိုပါပဲ။ မှန်ပါတယ်။ မက်ဆီက အရာအားလုံးအောင်မြင်ခဲ့ပါတယ်။ ကျွန်တော့်အတွက် မက်ဆီက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားပါ။ ယာမဲလ်က မက်ဆီနဲ့အနည်းငယ်ဆင်တူပါတယ်။ ဘာလို့လဲဆိုတော့ သူကဉာဏ်ကြီးရှင်ဖြစ်လို လက်ရှိမှာ ထိပ်တန်းအဆင့်ရောက်နေတာပါ”လို့ လာပေါ်တာက ပြောကြားခဲ့ပါတယ်။

ယာမဲလ်ဟာ သူ့သမိုင်းမှတ်တိုင်တွေကို ဆက်လက်စိုက်ထူနေပြီး အချိန်အများကြီးကျန်နေတာကြောင့် ဘော်လွန်းဒီအော်ဆုရနိုင်သလို မက်ဆီရဲ့လောင်းရိပ်အောက်ကနေ ထွက်ခွာနိုင်ဖို့ စတင်ရမှာဖြစ်ပါတယ်။