The network connection is lost.

Banner Image

ယာမယ်လ်အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဂွါဒီယိုလာ

ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီယိုလာက အသင်းဟောင်းရဲ့လူငယ်ကစားသမား ယာမယ်လ်အခြေအနေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စပိန်လူငယ်ကစားသမားလေးဟာ အသက် ၁၇ နှစ်ပြည့်ပြီးနောက် စပိန်အသင်းနဲ့အတူ ယူရိုဖလားရယူနိုင်ခဲ့သလို လာလီဂါနဲ့ ချန်ပီယံလိဂ်မှာလည်း သမိုင်းမှတ်တိုင် စိုက်ထူထားနိုင်ခဲ့ပါတယ်။ ယာမယ်လ်ဟာ လက်ရှိနဲ့အနာဂတ်မှာလည်း စူပါစတားတစ်ဦးဖြစ်လာနိုင်ပေမယ့် မန်စီးတီးနည်းပြ ဂွါဒီယိုလာက အခုလိုမျိုးပြောကြားခဲ့ပါတယ်။

“ရိုဒရီက ယာမယ်လ်ရဲ့အံ့ဖွယ်စွမ်းဆောင်ရည်အကြောင်းတွေပြောပါတယ်။ သူက တကယ့်အံ့ဖွယ်ပါပဲ။ ဇာဗီက သူ့ကိုပွဲဦးထွက်ကန်ခွင့်ပေးခဲ့တာက အကြောင်းပြချက်ရှိလို့ပါ။ ဒါပေမယ့် ကျွန်တော်အသေအချာပြောနိုင်တာက သူ့မှာ အတက်အကျတွေရှိခဲ့ပါတယ်။ သူ့အနေနဲ့ ရှေ့ဆက်အကြာကြီးသွားရဦးမှာဖြစ်တာကြောင့် စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ဂွါဒီယိုလာဟာ ယခင်ဘာစီလိုနာမှာတုန်းက လာမာစီယာအကယ်ဒမီထွက်တွေဖြစ်တဲ့ မက်ဆီ ၊ ဇာဗီ ၊ အင်နီယေစတာတို့နဲ့ အလုပ်အတူတူတွဲလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။

စပိန်သားနည်းပြက ဘာစီလိုနာအကယ်ဒမီနဲ့ပတ်သက်ပြီး “လာမာစီယာက ဘယ်တုန်းကမှမကျရှုံးခဲ့ပါဘူး။ ဒီမျိုးဆက်ကတော့ ကျွန်တော် မသိတော့ပါဘူး။ ဒါပေမယ့် သူတို့က တကယ်ကောင်လေးတွေပါ။ ကာဘာဆီ၊ ပီဒရီ၊ ဘလိတ်၊ ယာမယ်လ်စတဲ့ ကောင်လေးတွေက တကယ့်အရည်အချင်းရှိတဲ့ကောင်လေးတွေပါ။ အကယ်ဒမီကနေ ကစားသမားတွေအများအပြားထွက်တာအပြင် အပြင်ကနေလည်း ထိပ်တန်းကစားသမားတွေခေါ်ယူဖို့ လိုအပ်ပါတယ်”လို့ ဂွါဒီယိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။

စီးတီးဟာ အမေရိကခြေစမ်းပွဲခရီးစဉ်မှာ ဘာစီလိုနာနဲ့ခြေစမ်းဖို့ ရှိနေပြီး အသင်းဟောင်းရဲ့အလုပ်သမားတွေနဲ့ ပြန်လည်ပေါင်းဆုံရမှာဖြစ်ပါတယ်။