The network connection is lost.

Banner Image

ဘာစီလိုနာမှာ အောင်မြင်ဖို့အတွက် ရက်ရှ်ဖို့ဒ်မှာ စိတ်ဓာတ်ကောင်းရှိတယ်လို့ ဟန်စီဖလစ်ခ် အခိုင်အမာပြောကြား

မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာအသင်းမှာ နေရာဆုံးရှုံးခဲ့တဲ့အပေါ် တုံ့ပြန်ပုံက ကလပ်အသင်းမှာ အောင်မြင်ဖို့အတွက် မှန်ကန်တဲ့ စိတ်ဓာတ်နဲ့ သဘောထားရှိတယ်ဆိုတာကို ပြသနေတယ်လို့ နည်းပြ ဟန်စီ ဖလစ်ခ်က အခိုင်အမာပြောကြားခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဘက်တစ်ကို ၅-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ဒီတစ်ပတ် ဖရန့်ဖတ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အရန်ခုံမှာပဲ ရှိနေခဲ့ပြန်ပါတယ်။
ဒါပေမဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ ဒုတိယပိုင်းမှာ လူစားဝင်ကစားခဲ့ပြီး ကွန်ဒီအတွက် ချေပဂိုးဖန်တီးပေးခဲ့ပါတယ်။
ဖလစ်ခ်က"သူ အရန်ခုံမှာရှိနေတာက ကျွန်တော်တို့မှာ ကောင်းမွန်တဲ့အသင်းတစ်သင်းရှိတယ်ဆိုတာကို ပြသနေပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့မှာ ထူးချွန်တဲ့ကစားသမားတွေရှိပါတယ်။ ကျွန်တော်ပြောနိုင်တာက သူဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးပါ။ သူ့ရဲ့သဘောထား၊ စိတ်ဓာတ်က အရမ်းကောင်းပါတယ်။ အစပိုင်းမှာတော့ သူနည်းနည်းပါးပါး လိုက်လျောညီထွေဖြစ်အောင် လုပ်ခဲ့ရပေမဲ့ အခုတော့ အကောင်းဆုံးအဆင့်မှာရှိနေပါပြီ။
ပွဲမကစားရတဲ့အခါ ကစားသမားတွေနဲ့ ကျွန်တော် စကားပြောပါတယ်။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါတယ်။ သူနောက်ဆုံးနေ့က ကျွန်တော့်ကို ပြောခဲ့တာက 'နည်းပြ၊ ခင်ဗျား ဒါကို ကျွန်တော့်ကို ပြောစရာမလိုပါဘူး၊ ဒါက အသင်းအတွက်ပဲ။ ကျွန်တော်တို့ ၃ မှတ်ရဖို့လိုတယ်။ တခြားဘာမှ အရေးမကြီးဘူး' လို့ ပြောခဲ့ပါတယ်။
ဒါက မှန်ကန်တဲ့သဘောထားပါ။ သူ့မှာရှိတဲ့ စိတ်ဓာတ်က အံ့မခန်းပါပဲ။ သူဒီမှာရှိနေတဲ့အတွက် ကျွန်တော် တကယ်ပျော်ပါတယ်"လို့ ပြောခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ကနေ တစ်ရာသီအငှားနဲ့ ရောက်ရှိနေတဲ့ ရက်ဖို့ဒ်ဟာ ဒီရာသီ ဘာစီလိုနာအတွက် ၂၁ ပွဲမှာ ၆ ဂိုးသွင်းယူပြီး ၁၁ ဂိုး ဖန်တီးပေးထားပါတယ်။