The network connection is lost.

Banner Image

ယူရို နဲ့ ကိုပါအမေရိကပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ကစားသမားတွေကို အလျင်စလိုခေါ်ယူမှာမဟုတ်ဘူးလို့ ဂွါဒီယိုလာ အခိုင်အမာဆို

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ယူရို နဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ စီးတီးကစားသမားတွေကို အလျင်စလိုခေါ်ယူမှာမဟုတ်ဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

မန်စီးတီးဟာ လက်ရှိမှာရာသီကြိုခရီးစဉ်အဖြစ် နယူးယော့ခ်မှာ ရောက်ရှိနေပြီး ဆဲလ်တစ်အသင်းနဲ့ကနဦးခြေစမ်းပွဲကန်ခဲ့ပြီးဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အဆိုပါရာသီကြိုခရီးစဉ်ကို လူငယ်အကယ်ဒမီထွက်ကစားသမားတွေနဲ့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။

ဟာလန်း ၊ ဂရီးလစ်ချ် ၊ အီဒါဆန် ၊ အော့တီဂါတို့တော့ ပါဝင်ခဲ့ပေမယ့် ကီဗင် ၊ ရိုဒရီ ၊ ဖိုဒန် ၊ ဝေါ်လ်ကာ ၊ အယ်လ်ဗာရက်ဇ်တို့ကတော့ အနားယူနေဆဲဖြစ်ပါတယ်။

ဂွါဒီယိုလာက သူ့အနေနဲ့ တပည့်ဖြစ်သူတွေကို အနားယူစေချင်နေပြီး ပြန်ကစားဖို့ လုံလောက်တဲ့အချိန်အထိ စောင့်ဆိုင်းနိုင်ကြောင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော် သူတို့ကိုဘောလုံးနောက်တစ်ကြိမ်ကန်ချင်စိတ်ရှိမှ ပြန်လာဖို့ ပြောထားပါတယ်။ အဲ့လိုမှမဟုတ်ရင် အိမ်မှာပဲဆက်နေဖို့ မှာထားပါတယ်။ ဘာလို့လဲဆိုတော့ အဲ့တာက ရှည်လျားတာကြောင့်ပါ။

အချို့ရက်တွေမတိုင်ခင် ဒါမှမဟုတ် ကွန်မြူနတီဖလားပြိုင်ပွဲအပြီးမှပေါ့။ အဲ့တာက ကျွန်တော့်အစီအစဉ်ပါ။ သူတို့မရောက်ခင် ကျွန်တော်တို့ လုပ်စရာရှိတာလုပ်ဖို့ လိုအပ်ပါတယ်။ သူတို့အဝတ်လဲခန်း နဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပိုအာရုံစိုက်ပြီး ပျော်နေတာပဲ လိုချင်ပါတယ်။

အဲ့နောက် သူတို့ပြန်လာရင် ကျွန်တော်တို့ ကြိုဆိုမှာပါ။ သူတို့ကို ကျွန်တော် စိတ်ပန်းလူပန်းနဲ့ပြန်လာတာမျိုးမလိုချင်ပါဘူး။ သူတို့ကို အိမ်မှာ ရက်အနည်းငယ်ပိုနေခိုင်းတာက ပိုကောင်းပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးဟာ လာမယ့်ရာသီသစ်မှာ ဆုဖလားတွေအတွက် ထပ်မံတိုက်ပွဲဝင်ရမှာဖြစ်ပြီး ဂွါဒီယိုလာက အသင်းသားတွေကို စိတ်သစ်လူသစ်ပုံစံမျိုး ဖြစ်စေချင်နေပါတယ်။

ကွန်မြူနတီဒိုင်းပွဲက ၂ ပတ်သာလိုတော့တာကြောင့် စပိန်သားက တစ်သင်းလုံးကို အနားပေးထားခဲ့တာဖြစ်ပါတယ်။