The network connection is lost.

Banner Image

မန်စီးတီးမှ အဲဗာတန်ဆီ အငှားကစားသမားအဖြစ် ထပ်မံထွက်ခွာသွားတဲ့ ဂျက်ဂရီးလစ်ရှ်

ဂျက်ဂရီးလစ်ရှ်က မန်စီးတီးမှ အဲဗာတန်ဆီ နှစ်ရာသီဆက်အငှားစာချုပ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။။

အသက် ၃၀ နှစ်အရွယ်ကစားသမားက ယမန်နှစ်ဘောလုံးရာသီ၊ နည်းပြဒေးဗစ်မိုယက်စ်လက်အောက်မှာ အငှားကစားသမားအဖြစ် ၂၂ ပွဲကစား၊ နှစ်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

အခုတော့ အဲဗာတန်က ဒီတောင်ပံကစားသမားကို မိခင်ကလပ်အသင်းဖြစ်တဲ့ မန်စီးတီးဆီမှ နောက်ထပ်တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုခဲ့ပါတယ်။

ဆန်းဒါးလန်းအပါအဝင် ကလပ်အသင်းအများအပြားရဲ့ စိတ်ဝင်စားမှုကို ရရှိပေမဲ့ပေမဲ့ ဂရီးလစ်ရှ်ကတော့ အဲဗာတန်ဆီ ပြန်လည်ပြောင်းရွှေ့ဖို့အတွက်သာ ဆန္ဒရှိနေခဲ့ပါတယ်။

EvertonTV နဲ့ တွေ့ဆုံချိန် ဝမ်းသာပီတိဖြစ်နေတဲ့ ဂရီးလစ်ရှ်က "တကယ့်ကို ကောင်းမွန်တဲ့ ခံစားချက်ပါပဲ။ ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော့်ဘဝမှာ ဘောလုံးတင်မက အရာရာတိုင်းမှာ ချစ်ခြင်းမေတ္တာတွေ ရရှိနေတယ်လို့ ခံစားရချိန်တိုင်း အကောင်းဆုံးခြေစွမ်းပြသနိုင်တယ်လို့ ထင်ပါတယ်။

ဒီလိုချစ်ခြင်းမေတ္တာတွေကိုပဲ နည်းပြ၊ အသင်းဖော်တွေနဲ့ အထူးသဖြင့် ပရိသတ်တွေကိုယ်တိုင် ကျွန်တော့်ဆီ ပေးအပ်ခဲ့ပါတယ်။

အဲဗာတန်ပရိသတ်တွေကို မြင်ရချိန်တိုင်း တကယ်စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေ ဖြစ်ပေါ်သလို လိဒ်နဲ့ရင်ဆိုင်ရတဲ့ ပထမဆုံးပွဲစဉ်ကတည်းက ကျွန်တော့်အပေါ် ကြိုဆိုခဲ့တဲ့ သူတို့ရဲ့ပုံစံကို ဘယ်တော့မှမမေ့ပျောက်နိုင်ခဲ့ပါဘူး။ ။

ဒါက ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိသလို အဲဗာတန်ပရိသတ်အချို့ကိုလည်း ပျော်ရွှင်စေခဲ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်ရဲ့ပထမဆုံးခြောက်လပတ်ကာလအတွင်း ဒီနေရာမှာ ပြီးပြည့်စုံတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရသလို ဒဏ်ရာရပြီးချိန်မှာလည်း ဒီမှာပဲ ဆက်ရှိနေခဲ့ပါတယ်။။ ရာသီကြိုပွဲစဉ်တွေနဲ့ ရာသီအစကစားခဲ့တဲ့ အဲဗာတန်ရဲ့ပွဲစဉ်အားလုံးကို ကျွန်တော် စောင့်ကြည့်နေခဲ့ပါတယ်။ 

အခုတော့ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ မနက်ဖြန်မှစပြီး လေ့ကျင့်ခန်းဆင်းဖို့နဲ့ ပွဲစဉ်တွေအတွက် ပြင်ဆင်ဖို့ အဆင်သင့်ရှိနေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။