The network connection is lost.

Banner Image

ကမ်းလှမ်းမှု မရှိသေးပေမဲ့ ဘယ်လ်ဒီကို ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ဘာစီလိုနာ

လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ နောက်ခံလူကို ရောင်းထုတ်ဖို့ ဘာစီလိုနာအသင်း ကြိုးပမ်းနေပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ရပြီးနောက် ဟန်စီဖလစ်ခ်ရဲ့ပွဲထွက်လူစာရင်းဆီ ပြန်လည်ရောက်ရှိဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ စိုးရိမ်မှုတွေနဲ့အတူ နွေရာသီမှာ လာလီဂါလက်ရှိချန်ပီယံတွေဆီမှ ဘယ်လ်ဒီ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

ကန်ဆယ်လိုကို အပြီးသတ်ခေါ်ယူခဲ့တဲ့ ဟန်စီဖလစ်ခ်ရဲ့ဆုံးဖြတ်ချက်အပြင် နောက်ခံလူနေရာမှာ ဂျရတ်မာတင်ရဲ့အားကိုးအားထားပြုနိုင်မှုတွေကြောင့် ကတ္တလန်မြေမှာ ဘယ်လ်ဒီရဲ့အခန်းကဏ္ဍ ပိုမိုမှေးမှိန်သွားခဲ့ပါတယ်။

ဒီစပိန်လက်ရွေးစင်ကစားသမားက အခုဘောလုံးရာသီ၊ ဘယ်ပြိုင်ပွဲမှာမှ ပွဲထွက်ကစားခွင့် မရရှိသေးသလို သူ့ရဲ့နေရာအတွက် ဒီထက်ပိုပြီး ကြိုးစားအားထုတ်ပြဖို့ လိုအပ်တယ်ဆိုတဲ့ ဟန်စီဖလစ်ခ်ရဲ့သတိပေးမှုကို ရရှိထားပါတယ်။

လာမာစီယာအကယ်ဒမီမှ အလျင်အမြန် တိုးတက်လာခဲ့တဲ့ ဇာဗီအက်စပတ်လည်း ဘယ်လ်ဒီထက်အရင် စီနီယာအသင်းဆီ ရောက်ရှိလာသလို အတွေ့အကြုံနုနယ်နေသေးတဲ့ ဘရိုယန်ဖာရီနက်စ်ကို ပွဲထုတ်ဖို့လည်း ဟန်စီဖလစ်ခ် ပိုမိုလိုလားနေပုံ ရပါတယ်။

ဒါပေမဲ့ အဓိကပြဿနာကတော့ လက်ရှိအချိန်အထိ တရားဝင်ခိုင်မာတဲ့ ကမ်းလှမ်းမှု မရှိသေးတဲ့အချက် ဖြစ်ပြီး ပီအက်စ်ဗွီ၊ မိုနာကိုနဲ့ ဂျူဗင်တပ်စ်တို့ရဲ့ စိတ်ဝင်စားမှု ရှိထားပေမဲ့ တရားဝင်ကမ်းလှမ်းမှုအဆင့်အထိတော့ မရောက်ရှိသေးဘူးလို့ Marca သတင်းမှာ ဖော်ပြထားပါတယ်။

ဗဟိုနောက်ခံလူသစ်တစ်ဦးခေါ်ယူဖို့ ကြိုးပမ်းနေချိန် ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်း(FFP) မူဘောင်တွေနဲ့ ညီညွှတ်မျှတစေဖို့ ဘာစီလိုနာက ဘယ်လ်ဒီကို ရောင်းချနိုင်ဖို့ မျှော်လင့်ထားသလို ၂၀၂၆-၂၀၂၇ ဘောလုံးရာသီရဲ့ လက်ကျန်ကာလအတွက် အငှားချထားမယ့် အစီအစဉ်ကိုလည်း လက်ခံသွားနိုင်ပါတယ်။