ရာဖင်ဟာအတွက် သတိထားပေးဖို့ လိုအပ်နေလို့ လာမယ့်ပွဲစဉ်နှစ်ခုမှာ အနားပေးသွားမယ့် ဟန်စီဖလစ်ခ်
ဘာစီလိုနာက တောင်ပံကစားသမားရာဖင်ဟာရဲ့ကြံ့ခိုင်မှုအခြေအနေကို သတိကြီးကြီးထားကာ ဆက်လက်စောင့်ကြည့်နေလို့ လာမယ့်ပွဲစဉ်နှစ်ခုမှာ အသုံးပြုသွားဖို့ မရှိဘူးလို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက်၊ သြစတြေးလျကို ဘရာဇီးက ၄-၂ ဂိုးဖြင့် အနိုင်ရရှိတဲ့ ခြေစမ်းပွဲမှာ ရာဖင်ညာက ပထမပိုင်းအပြီး လူစားလဲ ထွက်ခွာခဲ့လို့ ဘာစီလိုနာဆီ သူ အချိန်မီ ပြန်လာနိုင်မလားဆိုတာ ပရိသတ်တွေ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။
သူ့ရဲ့ဒဏ်ရာက ညာဘက်ပေါင်နောက်ကြော ကြွက်သားရာင်ရမ်းမှု (oedema) ဖြစ်တယ်လို့ သိရပြီး ဂီတာဖေးနဲ့ပွဲစဉ်မတိုင်မီခင် နောက်ထပ်ဒဏ်ရာထပ်မံမရရှိစေဖို့အတွက် ရာဖင်ဟာကို စွန့်စားအသုံးပြုသွားဖို့ မရှိဘူးလို့ ဟန်စီဖလစ်ခ်က ဖွင့်ဟခဲ့ပါတယ်။
ဟန်စီဖလစ်ခ်က "ရာဖင်ဟာမှာ ဒဏ်ရာ မရှိပါဘူး... ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို ဂရုစိုက်ဖို့ လိုအပ်သလို ပြီးခဲ့တဲ့နှစ်မှာ ဒဏ်ရာသုံးကြိမ်တိုင်ရရှိဖူးလို့ သူ့အတွက် ကျွန်တော်တို့ သတိထားပေးရပါမယ်"
"သူက မနက်ဖြန်ပွဲစဉ်မှာရော၊ ဂါလာတာစာရေးနဲ့ ပွဲစဉ်မှာပါ ကစားသွားဖို့ မရှိပါဘူး" လို့ ပြောပါတယ်။
ပွဲထွက်လူစာရင်းမှာ ဒီဘရာဇီးကစားသမားမပါဝင်နိုင်မှုကြောင့် ဂါဘရီရယ်လ်ဂျီးဆပ်စ်အတွက် ယာမယ်လ်၊ ဂေါ်ဒွန်တို့နဲ့အတူ ပထမဆုံးအကြိမ်ပွဲထွက်ခွင့်ရရှိဖို့ အခွင့်အရေး ရရှိလာပါတယ်။
ဂျီးဆပ်စ်က ဘာစီလိုနာအတွက် လေးပွဲကစားပြီးချိန်၊ ပွဲကစားချိန် ၄၁ မိနစ်အတွင်း နှစ်ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။
ရာဖင်ဟာကတော့ လာလီဂါသွင်းဂိုး ၁၂ ဂိုးအပါအဝင် ပြိုင်ပွဲစုံ ၁၄ ဂိုးအထိ သွင်းယူထားနိုင်လို့ လက်ရှိဘာစီလိုနာအသင်းအတွက် ဂိုးအများဆုံးသွင်းယူပေးထားတဲ့ ကစားသမား ဖြစ်ပါတယ်။
အကောင်းဆုံးပုံစံနဲ့အတူ ရာသီသစ်စတင်ကာ လာလီဂါအမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ ဟန်စီဖလစ်ခ်ရဲ့အသင်းအတွက် ဒီဂျောင်(ဒူး)၊ ဘာဒတ်ဂီ(ဒူး)နဲ့ ခရစ္စတန်ဆန်(ပေါင်)တို့လည်း ဒဏ်ရာရရှိနေလို့ အခုသီတင်းပတ်ကုန်ပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။