The network connection is lost.

Banner Image

ဘော်လွန်းဒီအော်ဆုရှင်ဟယ်ရီကိန်းမှာ အားနည်းချက် အနည်းငယ်ရှိနေသေးတယ်လို့ ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်း ထောက်ပြလာ

၂၀၂၆ ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးခဲ့ပြီးနောက် ဟယ်ရီကိန်းက ကမ္ဘာ့ဘောလုံးလောကရဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံးတစ်ဦးချင်းထူးချွန်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးက မိုက်ကယ်အိုဝင်နောက်ပိုင်း ၂၅ နှစ်အကြာမှာ ဒီဆုကို ဆွတ်ခူးနိုင်တဲ့ သမိုင်းတလျှောက်ပဉ္စမမြောက် အင်္ဂလန်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဟယ်ရီကိန်းက တစ်နှစ်တာကာလအတွင်း ကလပ်နဲ့ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် ၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီး ဂျာမနီမှာ ဘိုင်ယန်မြူးနစ်ကို ပြည်တွင်းအမှတ်ပေးချန်ပီယံဆုနဲ့ ရှုံးထွက်ဖလား နှစ်ထပ်ကွမ်းချန်ပီယံဖြစ်လာဖို့ ကူညီပေးခဲ့သလို အင်္ဂလန်ကိုလည်း ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ဆီ ရောက်ရှိအောင် အားဖြည့်ပေးခဲ့ပါတယ်။

သူက ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အမ်ဘာပေ၊ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဆု ကာကွယ်နိုင်ခဲ့သလို စပိန်နဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့် ယာမယ်လ်တို့ကို ကျော်ဖြတ်ကာ ဒီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုနှစ်အတွက် ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ အယ်လ်ကလက်စီကိုပြိုင်ဘက်ကစားသမားနှစ်ဦးကို ရေပန်းအစားဆုံးအဖြစ် ရှုမြင်ခဲ့ကြလို့ ဟယ်ရီကိန်းရဲ့အောင်မြင်မှုအပေါ် စပိန်မြေမှာ ကြိတ်မနိုင်ခဲမရအသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးတောင်ပံကစားသမားနာဆရီကလည်း ဒီဆုနဲ့ထိုက်တန်အောင် ဟယ်ရီကိန်း အပြည့်အ၀မစွမ်းဆောင်နိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ပါတယ်။

နာဆရီက "ဟယ်ရီကိန်း ဘော်လွန်းဒီအော်ဆု ရရှိသွားတာ... ဟုတ်ပါပြီ၊ စာရင်းအင်း ကိန်းဂဏန်းတွေကပဲ ကွာခြားချက်ကို ဖန်တီးပေးသွားခဲ့တာပါ"

"သူက အရည်အသွေးများစွာရှိတဲ့ ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမဲ့ သူက အသင်းကို ပခုံးထမ်းတင်ပြီး တစ်နေရာဆီ ခေါ်ဆောင်သွားပေးနိုင်တဲ့ ကစားသမား သို့မဟုတ် အလွန်ကြီးမားတဲ့ ပွဲကြီးပွဲကောင်းတွေမှာ သူ့အသင်းကို အနိုင်ရရှိအောင် လုပ်ပေးနိုင်တဲ့ ကစားသမားမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ပါဘူး။ အဲဒီနေရာမှာ မကြာခဏဆိုသလို အားနည်းချက် အနည်းငယ် ရှိနေတတ်ပါတယ်။ ဒါပေမဲ့ သူက ထူးခြားပြောင်မြောက်တဲ့ ကစားသမားတစ်ဦးပါပဲ" လို့ ဆိုပါတယ်။