The network connection is lost.

Banner Image

ပက်ထရိုဗစ်ကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့ ချဲလ်ဆီး

မေဂျာလိဂ်တွင် အကောင်းဆုံးလူငယ်ကစားသမားတစ်ဦးအဖြစ် ပေါ်ထွက်ခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီက ဆားဘီးယားလက်ရွေးစင်ကစားသမားကို ခေါ်ယူရန် ကြိုးပမ်းခဲ့ပြီး ကနဦးပေါင် ၁၂.၅ သန်းဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

စတန်းဖို့ဒ်ဘရစ်ချ်ရှိ ရှုပ်ထွေးလှတဲ့ ၂၀၂၃-၂၄ ရာသီမှာ ပက်ထရိုဗစ်ဟာ ဒဏ်ရာရနေတဲ့ ရောဘတ်ဆန်းချက်ဇ်ရဲ့နေရာတွင် အစားထိုးဝင်ရောက်ခဲ့ပြီးနောက် ဒီဇင်ဘာလမှာ သူ့ရဲ့ ပရီးမီးယားလိဂ်ပထမဆုံးပွဲဦးထွက်ကို စတင်ခဲ့ပါတယ်။
သူဟာ ရာသီရဲ့လက်ကျန်ပွဲစဉ်များအတွက် ပိုချက်တီနိုရဲ့ ပထမအသင်းရွေးချယ်မှုတွင် ဆက်လက်ရှိနေခဲ့ပြီး Clean Sheet ၅ ကြိမ်ရရှိခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ဂိုးသမားဟာ အသေးစားဒဏ်ရာကြောင့် ယခုရက်သတ္တပတ် အမေရိကသို့ ရာသီကြိုခြေစမ်းပွဲသွားရောက်မယ့် ချဲလ်ဆီးအသင်းမှ ထွက်ခွာခဲ့ပြီး မကြာမီတွင်သွားရောက်ရန် မျှော်လင့်ထားသော်လည်း သူ့ရဲ့ရေရှည်အနာဂတ်ကတော့ လန်ဒန်အနောက်ပိုင်းတွင် မရေရာနေတာဖြစ်ပါတယ်။ နည်းပြသစ် အင်ဇိုမာရက်စကာ လက်အောက်တွင် ဂိုးသမားနေရာအတွက်နှင့်ပတ်သက်ပြီး သံသယများ ထွက်ပေါ်လာပြီးနောက် ချဲလ်ဆီးဟာ သူ့အတွက် ကမ်းလှမ်းမှုများကို နားထောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

ဘန်လေက ဂျိမ်းစ်ထရက်ဖို့ဒ်နှင့်အတူ အာဆင်နယ်က အာရွန်ရမ်ဒဲလ်အတွက် ဖြစ်နိုင်ချေရှိတဲ့ အပြောင်းအရွှေ့ကို ငြင်းပယ်ထားသော်လည်း ချဲလ်ဆီးအသင်းဟာ ဂိုးသမားနေရာအတွက် လူသစ်ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ လန်ဒန်အနောက်ပိုင်းရှိ ကင်းထောက်များက အလားအလာရှိတဲ့ ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဗီလာရီးယဲလ် ဂိုးသမား ဖီလစ် ဂျော်ဂျင်ဆင်အတွက် ကလပ်ဟာ ကနဦးချဉ်းကပ်မှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ရီးရဲလ်မက်ဒရစ်မှာ အငှားသွားရောက်ခဲ့ပြီးနောက် ကီပါဟာ ကလပ်သို့ ပြန်လည်ရောက်ရှိလာပေမယ့် လာမယ့်အပတ်တွေမှာ ရောင်းထုတ်ခံရဖွယ်ရှိနေပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အီတီဟက်ရဲ့ အသက် ၂၈ နှစ်အရွယ် ကီပါအတွက် အဖွင့်ကမ်းလှမ်းမှုဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပယ်ချခြင်းခံခဲ့ရပါတယ်။

ဒီနွေရာသီမှာ ရောင်းထုတ်ခံရနိုင်တဲ့ နောက်ထပ် ချဲလ်ဆီးကြယ်ပွင့်ကတော့ ဘန်ချီဝဲလ်ပဲ ဖြစ်ပါတယ်။ သင့်တော်တဲ့ စျေးနှုန်းဖြစ်ပါက ချဲလ်ဆီးနှင့် မာရက်စ်ကာရဲ့ အစီအစဉ်များအတွက် မပါဝင်တော့တဲ့ အင်္ဂလန်သားကို ရောင်းချနိုင်တယ်လို့ The Athletic က ဖော်ပြထားပါတယ်။

လူကာကူ၊ ချာလိုဘက်ချ်၊ ဘရိုဂျာ၊ ကက်စ်ဆာဒီနှင့် ဖိုဖာနာတို့ကလည်း ရောင်းချခံရနိုင်သူများထဲတွင် ပါဝင်နေပါတယ်။