The network connection is lost.

Banner Image

ဆီနီဂေါနဲ့ပွဲမှာ ပွဲနှောင်းပိုင်းရရှိခဲ့တဲ့ ပင်နယ်တီကို ကန်ဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်မဖြစ်ခဲ့ဘူးလို့ လူကာကူ ဝန်ခံ

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁ ရက်) က ဆီနီဂေါအသင်းကို အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်း ပွဲနှောင်းပိုင်း ပင်နယ်တီရရှိခဲ့ချိန်တုန်းက ၂၀၂၅-၂၆ ရာသီရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေက သူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိခဲ့လဲဆိုတာကို ရိုမယ်လု လူကာကူက ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

၃၂ သင်းအဆင့်ပွဲစဉ်မှာ ဘယ်လ်ဂျီယံအသင်းဟာ ဆီနီဂေါအသင်းကို နှစ်ဂိုးအရှုံးကနေ ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ယူရီ တီလီမန်းစ်က ပွဲကစားချိန် ၁၂၅ မိနစ်မှာ ပင်နယ်တီကနေ အနိုင်ဂိုးသွင်းယူပေးခဲ့တာဖြစ်ကာ ဒါဟာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် အနောက်ကျဆုံး ဂိုးသွင်းယူမှုလည်း ဖြစ်ပါတယ်။

တကယ်တော့ တီလီမန်းစ်ဟာ ဘယ်လ်ဂျီယံအသင်းရဲ့ ပင်နယ်တီကန်ဖို့ ပထမဦးစားပေး ကစားသမား မဟုတ်ပါဘူး။ အသက် ၃၃ နှစ်အရွယ် လူကာကူကသာ အဓိက ဂိုးသွင်းရှင်ဖြစ်သလို ပင်နယ်တီကန်ဖို့လည်း အဓိကတာဝန်ရှိသူဖြစ်ပြီး သူဟာ ဒီပွဲရဲ့ ပထမဦးဆုံးဂိုးကိုလည်း သွင်းယူပေးခဲ့သူပါ။

နာပိုလီတိုက်စစ်မှူး လူကာကူက ပွဲအပြီး RTBF နဲ့ အင်တာဗျူးမှာ "ကျွန်တော်ကိုယ်တိုင် ကန်ဖို့လုပ်ခဲ့ပေမဲ့ အခုချိန်မှာ စိတ်ပိုင်းဆိုင်ရာအရ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းနေရတုန်းမို့ ယူရီကိုပဲ ကန်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော့်အတွက်ထက် အသင်းနိုင်ဖို့က ပိုအရေးကြီးပါတယ်" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဆီနီဂေါအသင်းအပေါ် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့ပြီးနောက် လူကာကူတို့ ဘယ်လ်ဂျီယံအသင်းဟာ လာမယ့် တနင်္လာနေ့ (ဇူလိုင် ၆ ရက်) မှာတော့ အိမ်ရှင် အမေရိကန်အသင်းနဲ့ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။