The network connection is lost.

Banner Image

လီဗာပူးအသင်းမှထွက်ခွာမယ့် ကိုနာတေးကိုခေါ်ယူဖို့ အကြီးအကျယ်ပြင်ဆင်နေတဲ့ အယ်လ်အစ်တီဟတ်

လီဗာပူးအသင်းမှထွက်ခွာလာတော့မယ့် ကိုနာတေးကို အမိအရခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်း အယ်လ်အစ်တီဟတ် ကြိုးပမ်းနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ကစားသမားက လိုက်ပ်ဇစ်မှပြောင်းရွှေ့လာပြီး ငါးနှစ်အကြာ၊ အခုဘောလုံးရာသီကုန်ဆုံးချိန်၊ စာချုပ်သက်တမ်းပြည့်မြောက်ရင် လီဗာပူးအသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာဖို့ ရှိနေပါတယ်။ 

သူ့ကိုခေါ်ယူဖို့ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်းအသင်းတွေလည်း စိတ်ဝင်စားနေကြပေမဲ့ Foot Mercato ရဲ့ ဖော်ပြချက်အရတော့ အယ်လ်အစ်တီဟတ်အသင်းက ဒီအသင်းအားလုံးကို ကျော်ဖြတ်ပြီး ကိုနာတေးကို အမိအရခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဒါပေမဲ့ နည်းပြကွန်ဆီကာအိုထွက်ခွာသွားမှုနဲ့အတူ အသင်းအတွင်း မတည်ငြိမ်မှုတွေ ပေါ်ပေါက်နေလို့ ဒီအပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် အလားအလာမှေးမှိန်စေပါတယ်။