The network connection is lost.

Banner Image

အာမိုရင်ရဲ့ အပစ်ပယ်ခံ ဖိုဖာနာကို ခေါ်ယူဖို့ ပြင်ဆင်လာတဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခု

အေစီမီလန်အသင်းက အခုနွေရာသီမှာ ကွင်းလယ်လူယူဆွတ်ဖ်ဖိုဖာနာကို ရောင်းချသွားဖို့ အဆင်သင့်ရှိနေပြီး ကစားသမားကို သြဂုတ်လကုန်မတိုင်ခင် ခေါ်ယူနိုင်ဖို့အတွက် နော်တင်ဟမ်ဖောရက်စ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ အခြေအနေကောင်းနေကြပါတယ်။

အေစီမီလန်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီကုန်၊ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့လို့ ဒီပြင်သစ်လက်ရွေးစင်ကစားသမားကို သင့်တော်တဲ့စျေးနှုန်းရရှိမယ်ဆိုရင် ရောင်းချသွားဖို့ ပြင်ဆင်လာပါတယ်။ ယခင်သတင်းတွေအရ ယူရို ၁၈ သန်းမှ သန်း ၂၀ အကြား ကမ်းလှမ်းမယ်ဆိုရင် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်မယ်လို့ သိရပေမဲ့ စျေးကွက်ပိတ်သိမ်းဖို့ နီးကပ်လာတာနဲ့အမျှ အခုထက်ပိုပြီး စျေးကျလာနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

Football Insider ရဲ့ဖော်ပြချက်အရ နည်းပြအာမိုရင်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအတွက် အသင်းစီမံကိန်းမှာ အသက် ၂၇ နှစ်အရွယ်ကစားသမားကို မထည့်သွင်းထားလို့ အခုရပ်တည်ချက်အပေါ် နော်တင်ဟမ်ဖောရက်စ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့က သတိထားစောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဖိုဖာနာက ၂၀၂၄ ခုနှစ်၊ မိုနာကိုမှ ယူရို ၂၆ သန်းဖြင့် အေစီမီလန်ဆီ ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့အတူ အမြန်ဆုံးအထိုင်ကျခဲ့ပါတယ်။ သူက ဗွေဆော်ဦးဘောလုံးရာသီမှာတင် ၅၂ ပွဲအထိ ပါဝင်ကစားပေးခဲ့သလို ပြီးခဲ့တဲ့ဘောလုံးရာသီမှာလည်း ၂၉ ကြိမ်ပွဲထွက်မှုအပါအဝင် ၃၆ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ အာမိုရင်ကတော့ အသင်းကို သူ့ရဲ့ဦးဆောင်မှုအောက်မှာ အခြားပုံစံတစ်မျိုးနဲ့ရှေ့ဆက်သွားဖို့ ကြိုးစားနေပုံရပါတယ်။