The network connection is lost.

Banner Image

အာဆင်နယ်စတားရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ စကော့တလန်ဂန္ထဝင် နီဗင်

စကော့တလန်ဂန္ထဝင်ဟောင်း နီဗင်ကတော့ အာဆင်နယ်စတား မာဒူကီအပြောင်းအရွှေ့ဟာ ဘေးတိုက်အပြောင်းအရွှေ့တစ်ခုသာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မာဒူကီအပြောင်းအရွှေ့ကို ချဲလ်ဆီးကွင်းလယ်လူဟောင်း နီဗင်က ဘေးတိုက်အပြောင်းအရွှေ့လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းမှာ နေရာမရခဲ့တဲ့နောက် ပြီးခဲ့တဲ့လတုန်းက အာဆင်နယ်ထံပြောင်းရွှေ့ခဲ့ပါတယ်။

ပရိသတ်တွေ နဲ့ ဘောလုံးကျွမ်းကျင်သုံးသပ်သူတွေကတော့ အာဆင်နယ်ရဲ့အပြောင်းအရွှေ့အပေါ် အံ့အားသင့်နေကြပါတယ်။ ညာတောင်ပံမှာ ဆာကာတစ်ဦးတည်းသာရှိနေပေမယ့် ချဲလ်ဆီးမှာတော နက်တိုအပြင် ဂစ်တန်ပါရောက်လာခဲ့တာကြောင့် မာဒူကီအနေနဲ့ ပွဲထွက်ခွင့်ပျောက်ဆုံးဖွယ်ရှိနေပါတယ်။ နီဗင်ကတော့ ချဲလ်ဆီးအနေနဲ့ မာဒူကီအပြောင်းအရွှေ့ကနေ အကျိုးအမြတ်ရလို့ ပျော်နေမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“မာဒူကီက ဘေးတိုက်အပြောင်းအရွှေ့တစ်ခုကိုလုပ်ခဲ့တာပါ။ အဲ့တာက နောက်တစ်ဆင့်တက်တာမဟုတ်သလို နောက်တစ်ဆင့်ကျတာလည်း မဟုတ်ပါဘူး။ အဲ့တာက ဘေးတိုက်အပြောင်းအရွှေ့တစ်ခုပါပဲ။ ကျွန်တော် အမေရိကန်တွေနဲ့ခိုင်းနှိုင်းရတာကို မကြိုက်ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးနည်းလမ်းကို နားလည်ရပါမယ်။ ခင်ဗျားအနေနဲ့ အမေရိကန်ဘောလုံး ဒါမှမဟုတ် ဘက်စ်ကက်ဘောတွေကိုကြည့်ရင် အဲ့လိုအပြောင်းအရွှေ့တွေရှိတတ်ပါတယ်။ သူတို့က အဲ့လိုလုပ်လေ့ရှိသလို အလုပ်ဖြစ်တာတွေလည်းရှိပါတယ်။

ကျွန်တော်တို့ထက် သူတို့က ပိုသက်တောင့်သက်သာဖြစ်ပါတယ်။ ပရိသတ်အချစ်တော်ကစားသမားတစ်ဦးဆိုရင် ပိုတောင်ဆိုးပါတယ်။ ဒီမှာတော့ အဲ့တာနဲ့မဆင်တူပေမယ့် ချဲလ်ဆီးအနေနဲ့ကြည့်ရင် မာဒူကီက သာမန်ကစားသမားမဟုတ်ပါဘူး။ သူက အင်္ဂလန်သားဖြစ်သလို ငယ်ရွယ်ပြီး အနာဂတ်မှာ အလားအလာအများကြီးရှိနေပါတယ်။ သူ့အတွက် တကယ်ကောင်းတဲ့အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီးဘက်ကကြည့်ရင် သူတို့ငွေအများကြီးရလိုက်ပါတယ်။ 

အဲ့တာက ကောင်းပါတယ်။ သူတို့အကျိုးအမြတ်ရအောင်လုပ်နိုင်ခဲ့ပါတယ်။ အဲ့တာကလည်း သူတို့လုပ်နေကြအလုပ်ပါ။ အခုလက်ရှိသူတို့ ပက်ဒရို နဲ့ ဂစ်တန်တို့ကိုခေါ်ယူထားနိုင်ပါတယ်။ သူတို့အတွက် အဆင်ပြေပါတယ်။ ချဲလ်ဆီးအတွက် ထိတ်လန့်စရာမရှိပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ မာဒူကီဟာ ၂၀၂၃ ဇန်နဝါရီတုန်းက ပီအက်စ်ဗွီကနေ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတစ်ချို့ရယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်ကိုပြောင်းရွှေ့ပြီးနောက် ရာသီကြိုခရီးစဉ်မှာ မပါဝင်ခဲ့ပေမယ့် လာမယ့်ခြေစမ်းပွဲတွေဖြစ်တဲ့ ဗီလာရီးရဲလ် ၊ ဘီလ်ဘာအိုနဲ့ပွဲတွေမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။