The network connection is lost.

Banner Image

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် နေးရှင်းလိဂ်ပြိုင်ပွဲဝင် ဆွစ်ဇာလန်အသင်းလူစာရင်းမှ ဇာခါ နုတ်ထွက်

ဆလိုဗေးနီးယား၊ စကော့တလန်တို့နဲ့ ရင်ဆိုင်ရမယ့် ဆွစ်ဇာလန်ရဲ့နေးရှင်းလိဂ်အုပ်စုအပိတ်ပွဲစဉ်နှစ်ခုကို ခြေသလုံးကြွက်သားဒဏ်ရာရရှိထားတဲ့ ဇာခါ လွဲချော်သွားလိမ့်မယ်လို့ ဆွစ်ဇာလန်ဘောလုံးအဖွဲ့ချုပ်ရဲ့တနင်္လာနေ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အသက် ၃၄ နှစ်အရွယ်ကွင်းလယ်ကစားသမားက ၂၀၂၂ ခုနှစ်အတွင်း COVID-19 ကာကွယ်ဆေးထိုးနှံမှုအထောက်အထားလက်မှတ် အတုအပပြုလုပ်ကိုင်ဆောင်မှုကို ဝန်ခံခဲ့ပြီးနောက် စကော့တလန်၊ ဆလိုဗေးနီးယား၊ မြောက်မက်ဆီဒိုးနီးယားတို့နဲ့ရင်ဆိုင်ရတဲ့ အောက်တိုဘာလပွဲစဉ်တွေကို လွဲချော်ခဲ့ပါတယ်။ အခုတော့ သူက မူရတ်ယာကင်ရဲ့အသင်းလူစာရင်းဆီ ပြန်လည်ပါဝင်ဖို့ အခွင့်အရေး ရရှိထားပါတယ်။

ဒါပေမဲ့ နိုင်ငံ့လက်ရွေးစင်အဖြစ် ၁၅၂ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ ဇာခါက ဒဏ်ရာပြဿနာနဲ့အတူ သောကြာနေ့၊ မာရီဘောမြို့မှာ ဆလိုဗေးနီးယားနဲ့ ရင်ဆိုင်ရမယ့် အဝေးကွင်းပွဲစဉ်နဲ့ တနင်္လာနေ့၊ စိန့်ဂယ်လန်မြို့မှာ စကော့တလန်နဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲစဉ်တို့ကို လွဲချော်သွားခဲ့ပါပြီ။

အသင်းရဲ့ထုတ်ပြန်ချက်မှာ "ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဇာခါက ဆွစ်ဇာလန်လက်ရွေးစင်အသင်းစခန်းသွင်းလေ့ကျင့်မှုအစီအစဉ်မှ နုတ်ထွက်သွားပါတယ်" လို့ ဖော်ပြထားပါတယ်။