ပက်ဒရိုနက်တိုကို ခေါ်ယူနိုင်ရေးပြိုင်ပွဲမှာ မန်စီးတီးကို ယှဉ်ပြိုင်ဖို့ အသင့်ရှိနေတဲ့ အယ်လ်ဟီလယ်
တပည့်ဟောင်း ပက်ဒရိုနက်တိုကို ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ပိုမိုထွက်ပေါ်လာချိန် မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာက လာမယ့်သီတင်းပတ်တွေအတွင်း အပြောင်းအရွှေ့တွေ ထပ်မံပြုလုပ်သွားမယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ ပေါ်တူဂီလက်ရွေးစင်ကစားသမားကို ရောင်းချဖို့ တက်တက်ကြွကြွမရှိဘဲ ဝုဗ်ကစားသမားဟောင်းကို ခေါ်ယူမယ့် မန်စီးတီးရဲ့ ကြိုးပမ်းမှုတွေကို ဟန့်တားမှုအဖြစ် အခုနွေရာသီမှာ ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၇၀ သတ်မှတ်တယ်ထားလို့ သတင်းတွေအရ သိရပါတယ်။
နက်တိုက ၂၀၂၄ ခုနှစ်မှာ ပေါင် ၅၁ သန်းတန်သဘောတူညီမှုဖြင့် ချဲလ်ဆီးဆီ ပြောင်းရွှေ့လာခဲ့ပြီး ယူရိုပါကွန်ဖရန့်လိဂ်ဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။
အတိတ်မှာ တော့တင်ဟမ်က နက်တိုအပေါ် စိတ်ဝင်စားမှု ရှိထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမဲ့ အခုတော့ မန်စီးတီးတောင်ပံကစားသမားဆာဗင်ဟိုကို ပစ်မှတ်ထားနေပါတယ်။ ဒါကြောင့် အန်ဇိုမာရက်စ်ကာကလည်း နက်တိုကိုခေါ်ယူမယ့် ပြောင်းရွှေ့ကြေးငွေပမာဏအတွက် ဆာဗင်ဟိုကို ရောင်းချသွားစေဖို့ လမ်းဖွင့်ပေးထားပါတယ်။
နက်တိုကိုခေါ်ယူနိုင်ရေးအတွက် မန်စီးတီးရဲ့အဓိကပြိုင်ဘက်မှာ ဆော်ဒီပရိုလိဂ် ဖြစ်လာနိုင်ပြီး အယ်လ်ဟီလယ်အသင်းက ချဲလ်ဆီးတောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေအပြင် အသက် ၂၆ နှစ်အရွယ်ကစားသမားကိုယ်တိုင် မူးဝေသွားစေမယ့် လစာနှုန်းထားမျိုးနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
အရှေ့အလယ်ပိုင်းဒေသဆီ သွားရောက်ဖို့ဆိုတာကိုတော့ နက်တိုကိုယ်တိုင်ပဲ ဆုံးဖြတ်ရဖို့ ရှိနေပြီး အခုနွေရာသီမှာလည်း ထရင်ကာအို၊ ဆမ်မာဗီလီနဲ့ ဆာမူကော်စတာတို့ ဆော်ဒီကလပ်အသင်းတွေဆီ ရောက်ရှိလာပါတယ်။