ပြင်သစ်အကောင်းဆုံးကစားသမား ရွေးချယ်ရာမှာ ဘန်ဇီးမားရဲ့ချန်လှပ်ခြင်းခံခဲ့ရတဲ့ ဘာပေ
၂၀၂၃ - ၂၄ ရာသီပြင်သစ်အကောင်းဆုံးကစားသမားရွေးချယ်ရာမှာ ရီးရဲလ်စတား ဘာပေတစ်ယောက် ဘန်ဇီးမားရဲ့ချန်လှပ်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။
ဘာပေဟာ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကပေးအပ်တဲ့အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး အဆိုပါဆုဟာ ၄ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ - ၂၄ ရာသီမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် ဘာပေဟာ အဆိုပါဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ဆုရခဲ့ပေမယ့် မဲပေးရွေးချယ်မှုမှာ ဘာပေကို ဘန်ဇီးမား နဲ့ ကန်တီတို့က ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။
အေအက်စ်ရဲ့အဆိုအရ ဘန်ဇီးမားဟာ ဘာပေနဲ့အတူတူကစားခဲ့ဖူးပေမယ့် မဲပေးမှုမှာ ချန်လှပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ဘန်ဇီးမားကလည်း လူငယ်စတားတွေဖြစ်တဲ့ ကာမာဗင်ဂါ ၊ ဘာကိုလာ ၊ အမ်မရီတို့ကို ရွေးချယ်ခဲ့ပါတယ်။
ကန်တီကလည်း ဘန်ဇီးမားနည်းတူ ဘာပေကို ချန်လှပ်ပြီး ဆာလီဘာ ၊ ကွန်ဒီ ၊ ကာမာဗင်ဂါတို့ကို ရွေးချယ်ခဲ့ပါတယ်။ ချန်လှပ်ခံခဲ့ရပေမယ့် ဘာပေဟာ အာဆင်နယ်စတား ဆာလီဘာကို ၅ မှတ်ဖြတ်ကာ ဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဘာပေဟာ အခုမဲပေးမှုအရ ထိပ်ဆုံးနေရာမှာရှိနေပြီး သူ့နောက်မှာ ဆာလီဘာ ၊ ကာမာဗင်ဂါ ၊ ချူအာမီနီတို့ အစဉ်လိုက်ရပ်တည်ခဲ့ပါတယ်။
အဆိုပါဆုကို ဘာပေတစ်ယောက် ၂၀၁၈ ၊ ၂၀၁၉ ၊ ၂၀၂၃ တို့မှာလည်း ရရှိခဲ့သေးတာဖြစ်ပါတယ်။ တစ်ဦးချင်းဆုတွေအောင်မြင်နေပေမယ့် ဘာပေဟာ လက်ရှိမှာ အတ္တလန္တာနဲ့ပွဲမှာရခဲ့တဲ့ပေါင်ဒဏ်ရာကို ကုသနေရတာဖြစ်ပါတယ်။
အန်ဆယ်လော့တီကတော့ ဘာပေအနေနဲ့ လာမယ့်ဗယ်လက်ကာနိုနဲ့ပွဲကို လွဲချော်မယ်လို့ အတည်ပြုခဲ့ပြီး ကာတာကိုသွားမယ့်အသင်းလူစာရင်းမှာတော့ ပါဝင်လာမယ်လို့ ဆိုပါတယ်။