The network connection is lost.

Banner Image

ဘတ်ဂျက်ငွေ ပိုမိုဖောင်းပွအောင် လုပ်ဆောင်နေတာ မန်စီးတီးအသင်းတစ်ခုတည်း မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ အမ်မရီ

ဘဏ္ဍာရေးစည်းမျဉ်းတွေကို လိုက်နာဖို့အတွက် ဘတ်ဂျက်ငွေတွေကို ဖောင်းပွအောင် လုပ်ဆောင်နေတဲ့ ကလပ်အသင်းဆိုတာ မန်စီးတီးအသင်းတစ်ခုတည်း မဟုတ်ဘူးလို့ အက်စတွန်ဗီလာနည်းပြအူနိုင်းအမ်မရီက အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းတွေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခဲ့တယ်ဆိုတဲ့ သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့တွေ့ရှိမှုအပြီး မန်စီးတီးက အယူခံဝင်ထားပါတယ်။

The Sun သတင်းစာနဲ့အင်တာဗျူးမှာ အမ်မရီက အလားတူဘဏ္ဍာရေးဆိုင်ရာလုပ်ဆောင်မှုတွေကို မန်စီးတီးအသင်းတစ်ခုတည်းသာ လုပ်ဆောင်နေခြင်းမဟုတ်ဘဲ အခြားအသင်းတွေဆီလည်း ပျံ့နှံ့နေတယ်လို့ အမ်မရီက ထောက်ပြခဲ့သလို ပက်ဂွါဒီယိုလာရဲ့အောင်မြင်မှုအပေါ် စစ်ဆေးမေးခွန်းထုတ်မှုတွေကို ပိုမိုပြင်းထန်လာချိန် စပိန်သားနည်းပြအတွက် စာနာမိတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အမ်မရီက "ဒါ အရင်ကတည်းက လူသိများပြီးသား ကိစ္စတစ်ခုပါ။ ကျွန်တော်တို့ အားလုံးမှာ ကိုယ်စီကန့်သတ်ချက်တွေ ရှိကြပြီး စည်းမျဉ်းတွေနဲ့ကိုက်ညီစေဖို့အတွက် ကစားသမားတွေကို ရောင်းထုတ်ရပါတယ်။ ဒါကြောင့် လူသစ်တွေနဲ့ စာချုပ်ကို ဘယ်လိုချုပ်ဆိုရမလဲဆိုတာ နည်းလမ်းရှာကြရပါတယ်" လို့ ပြောပါတယ်။

"ဘဏ္ဍာရေးဆိုင်ရာတရားမျှတမှုစည်းမျဉ်း (FFP) က ကိုယ်တိုင်ရှာဖွေရရှိတဲ့ ဝင်ငွေအတိုင်းပဲ သုံးစွဲနိုင်ဖို့နဲ့ ငွေကြေးဖောင်းပွမှု မရှိစေဖို့ ဟန်ချက်ညီအောင် ထိန်းညှိပေးတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တခြားကလပ်အသင်းအများအပြားကလည်း သူတို့ရဲ့ ဘတ်ဂျက်ငွေတွေကို ဖောင်းပွအောင် လုပ်ဆောင်ခဲ့ကြပြီး အခုတော့ အဲဒါတွေ လူသိရှင်ကြား ပေါ်ပေါက်လာနေပါတယ်"

"အဲဒီအသင်းကစားခဲ့တဲ့ပုံစံကို ကြည့်ပြီး ကျွန်တော် စိတ်မကောင်းဖြစ်မိပါတယ်။ ပက်ဂွါဒီယိုလာလက်ထက်မှာ သူတို့က ဘယ်သူမှမယှဉ်နိုင်အောင် အကောင်းဆုံးကစားနိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။