The network connection is lost.

Banner Image

ဆန်ထရိုပက်ဇ်ရှိ ကမ်းခြေကလပ်တစ်ခုတွင် ပါတီပွဲကျင်းပဖို့ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေကို ဦးဆောင်ခဲ့တဲ့ ဘယ်လင်ဟမ်

ဘယ်လင်ဟမ်နှင့် သူ့ရဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဟာ ဆန်ထရိုပက်ဇ်ရှိ ကမ်းခြေကလပ်တစ်ခုတွင် ပါတီပွဲကျင်းပနေတဲ့ပုံကို ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ကွင်းလယ်ကစားသမားဟာ စပိန်ကိုပြောင်းလာကတည်းက ခြေစွမ်းပြနေပြီး လာလီဂါကလပ်အတွက် ၅ ပွဲကစား ၄ ဂိုး ဂိုးသွင်းယူပေးထားပါတယ်။ သူ့ရဲ့နောက်ဆုံးသွင်းယူခဲ့တဲ့ဂိုးကတော့ သောကြာနေ့က ဆဲလ်တာဗီဂိုအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲမှာဖြစ်ပြီး အင်္ဂလန်သားက ပွဲပြီးဖို့  ၉ မိနစ်အလိုမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ကြယ်ပွင့်တွေဟာ ဆန်ထရိုပက်ဇ်ရှိ ဗာဒီကမ်းခြေကလပ်တွင် ပါတီပွဲ ကျင်းပနေတာကို တွေ့ခဲ့ရပါတယ်။ ဘယ်လင်ဟမ်ဟာ ဘရာဇီးတိုက်စစ်မှူး ရိုဒရီဂိုနှင့် ကွင်းလယ်တွဲဖက် ချူအာမီနီတို့နှင့်အတူ ပြင်သစ်တွင် ပျော်ရွင်နေကြတာဖြစ်ပါတယ်။ အဆိုပါကလပ်ရဲ့ မီနူးတွင် ပေါင် ၄၇၃ ပြန်ပေးမယ့် ၁၂၅ ဂရမ်ပါရှိတဲ့ ကာဗီယာကဲ့သို့ ထူးခြားတဲ့ အရသာတွေကိုလည်း တွေ့နိုင်မှာဖြစ်ပါတယ်။

ရေတစ်ပုလင်းလျှင် ပေါင် ၈.၅၀ ကုန်ကျမှာဖြစ်ပြီး သူ့ရဲ့လက်မှတ်အားလုံးတွင် ပေါင် ၂၀ တန်ကြေးရှိတဲ့ ကော့တေးတစ်ခွက်စီလည်း သောက်သုံးနိုင်မှာဖြစ်ပါတယ်။ အဆိုပါကလပ်ဟာ လော့စ်ဘလန်ကို့စ်ကြယ်ပွင့်တွေ စားသုံးနိုင်ရန် ကျန်းမာရေးနှင့်ညီညွတ်တဲ့ သရေစာအဖြစ် ပေါင် ၆၀ တန်ကြေးရှိတဲ့ ဧရာမဖရဲသီး ကိုလည်း သူတို့ရဲ့ မီနူးထဲတွင် ထည့်သွင်းထားပါတယ်။

ဓာတ်ပုံထဲမှာတော့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ရိုဒရီဂိုကတော့ သူ့ရဲ့လက်ထဲတွင် အချိုရည်တစ်ခွက်ကို ကိုင်ထားပြီး ကလပ်ရဲ့မီနူးထဲတွင် အချိုရည်ရဲ့စျေးနှုန်းကတော့ သတ်မှတ်ထားမယ်ဆိုတာ သံသယဖြစ်ဖွယ်ရာ မရှိပါဘူး။မက်ဒရစ်ကြယ်ပွင့်တွေသာမကဘဲ ဘယ်လင်ဂမ်ရဲ့ ချစ်သူ အက်ဆန်တီဝါချစ်တီကလည်း အဆိုပါကမ်းခြေကလပ်တွင် ရှိမရှိနှင့်ပတ်သက်ပြီး မသေချာပါဘူး။

အင်္ဂလန်လက်ရွေးစင်ရဲ့ စပိန်သို့ မပြောင်းရွှေ့မီ လွန်ခဲ့တဲ့နှစ်တုန်းက သူတို့နှစ်ဦးက ချိန်းတွေ့ခဲ့ကြတာဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် အင်စတာဂရမ်မော်ဒယ်ဟာ ဆိုရှယ်မီဒီယာပလပ်ဖောင်းတွင် Follower ၂၃၀၀၀ ကျော် ရှိသူဖြစ်ပါတယ်။
အသက် ၂၀ အရွယ် ကစားသမားဟာ မက်ဒရစ်တွင် ကောင်းမွန်တဲ့ဘဝအစကို ဖြတ်သန်းခဲ့ပြီး နည်းပြ အန်ဆယ်လော့တီက သူ့ရဲ့သွင်းဂိုးများကို ချီးကျူးထားကာ လူငယ်ကစားသမားဟာ ဘန်ဇီးမားရဲ့နေရာကို အစားထိုးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

"ဘယ်လင်ဂမ်ရောက်လာခြင်းက ပြိုင်ဆိုင်မှုတွေမဖြစ်စေဘဲ ဘန်ဇီးမားရဲ့ လစ်လပ်သွားခြင်းကို ကာမိစေပါတယ်" "သူက အရည်အသွေးရှိတဲ့ ကစားသမား တစ်ဦးပါ။ သူလုပ်နေတာတွေကို သူ့ကိုသိတဲ့ သူတွေက မအံ့သြပါဘူး၊ အံ့သြစရာကောင်းတာက သူက အသက် ၂၀ ပဲရှိသေးတာပါ" လို့ အန်ဆယ်လော့တီက ပြောပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားတွင် ထိပ်ဆုံးမှ ရပ်တည်နေကာ ဘာစီလိုနာအသင်းထံကနေ ချန်ပီယံဆုကို ရယူရန် ကြိုးပမ်းနေပါတယ်။ အန်ဆယ်လော့တီရဲ့ အသင်းဟာ ရာသီရဲ့ပထမဆုံး ၃ ပွဲတွင် ၆ ဂိုးသွင်းထားကာ ယခုအချိန်အထိ ၁ ဂိုး သာပေးထားရသေးတာဖြစ်ပါတယ်။