ရီးရဲလ်မက်ဒရစ်အသင်းဖော်ရဲ့ နိုင်ငံ့လက်ရွေးစင်အဆင့်စွမ်းဆောင်ရည်ကို ချီးကျူးလိုက်တဲ့ ဗင်နီစီးယက်စ်
ရီးရဲလ်မက်ဒရစ်အသင်းဖော်ဘယ်လင်ဂမ်အတွက် အားပေးထောက်ခံမှုနဲ့ ချီးကျူးစကားတွေ ပေးပို့ဖို့ မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ် လူမှုကွန်ရက်ပေါ် ရောက်ရှိလာခဲ့ပါတယ်။
ဒါက အခုနိုင်ငံတကာသီတင်းပတ်အတွင်း ကွင်းလယ်ကစားသမားရဲ့ အံ့မခန်းစွမ်းဆောင်ရည်ပြသနိုင်ခဲ့မှုပြီး ထွက်ပေါ်လာခဲ့တာပါ။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်၊ ခရိုအေးရှားနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခဲ့တဲ့ ဘယ်လင်ဟမ်က ဂိုးပြတ်နိုင်ပွဲအတွက် အထူးချွန်ဆုံးခြေစွမ်းပြနိုင်တဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။
Rijeka မြို့မှာ ၀-၇ ဂိုးဖြင့် အဆုံးသတ်ခဲ့တဲ့ ပွဲစဉ်အတွင်း အသက် ၂၃ နှစ်အရွယ်ကစားသမားက တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှု သုံးကြိမ်ပြုလုပ်ကာ တိုက်ရိုက်ဂိုးပါဝင်ပတ်သက်မှု လေးကြိမ်အထိ စွမ်းဆောင်ပြခဲ့ပါတယ်။
ဒါကြောင့် အခုသီတင်းပတ်အစောပိုင်းမှာပဲ ဒေါ့မွန်ကစားသမားဟောင်းအတွက် ရီးရဲလ်မက်ဒရစ်အသင်းဖော်၊ တိုက်စစ်တွဲဖက် ဗင်နီစီးယက်စ်ရဲ့ ဂုဏ်ပြုစကား ထွက်ပေါ်လာခဲ့ပါတယ်။
ခရိုအေးရှားနဲ့ပွဲစဉ်အတွင်း ဘယ်လင်ဂမ်ရဲ့အကောင်းဆုံးအခိုက်အတန့်တွေကို ဖော်ပြထားတဲ့ ဗီဒီယိုတစ်ခုရဲ့ မှတ်ချက်(comments)ပေးတဲ့နေရာမှာ လတ်တလောခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ ဗင်နီစီးယက်စ်က 'အကောင်းဆုံးပဲ' လို့ ရေးသားခဲ့ပါတယ်။