ခြေစွမ်းကောင်းတွေပြသနေတဲ့ကစားသမား ၂ ဦးကို ဘိုင်ယန် မျက်စိကျနေ
ဂျာမနီသတင်းတွေအရ ဘိုင်ယန်မြူးနစ်ဟာ ဇာဗီဆိုင်မွန်နဲ့ ဒိုအီတို့ကို ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။
ဘိုင်ယန်ဟာ ပီအက်စ်ဂျီ နဲ့ ရန်းနက်စ်စတားကို ခေါ်ယူဖို့ ပြင်ဆင်နေသလို အခြားတစ်ဖက်မှာလည်း စပိန်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ လိုက်ပ်ဇစ်စတား အိုလ်မိုကိုပါ စိတ်ဝင်စားနေပါတယ်။ နည်းပြသစ် ကွန်ပနီကတော့ အပြောင်းအရွှေ့တွေမှာ ဝင်ရောက်မစွက်ဖက်ပဲ သူ့အလုပ်ကိုသာ အာရုံစိုက်နေပါတယ်။
ဘန်လေနည်းပြဟောင်းက အသင်းရဲ့လူအင်အားတောင့်တင်းတာမျိုးကိုပဲ အလိုရှိနေပြီး လက်ရှိမှာ ဘိုင်ယန်ဟာ ပယ်လင်ဟာ ၊ အိုလစ်ဆီနဲ့ အီတိုတို့ကို ခေါ်ယူထားပါတယ်။ ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်ဆုဖလား လက်မဲ့ဖြစ်ခဲ့တာဖြစ်ပြီး ဟယ်ရီကိန်းကတော့ ပထမရာသီမှာတင် အသင်းသစ်အတွက် ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။
အခုလာမယ့်ရာသီသစ်အတွက် ဘိုင်ယန်ဟာ သေချာလေးပြင်ဆင်နေပြီး ပြီးခဲ့တဲ့ရာသီတုန်းကလို ထပ်မဖြစ်အောင် လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အပြောင်းအရွှေ့မှာလည်း အလျင်အမြန်လှုပ်ရှားနေပြီး ပစ်မှတ်တွေကို အလျင်အမြန်ခေါ်ယူနေပါတယ်။
ဘိုင်ယန်ဟာ ဆိုင်မွန်နဲ့ ဒိုအီတို့အတွက် ယူရိုသန်း ၁၀၀ လောက်အထိ အသုံးပြုဖို့ ပြင်ဆင်နေပါတယ်။